ဒီကနေ့ ဩဂုတ် ၁၇ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
အကြမ်းဖက် စစ်တပ်ရဲ့ လေယာဉ်နဲ့ ဗုံးကျဲမှုအတွင်း KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ သေဆုံးတယ်ဆိုတဲ့ မဟုတ်မမှန် သတင်းတွေကို စစ်တပ်က ထုတ်လွှင့်နေတာမှာ မုသာဝါဒဖြန့်ချိနေတာ ဖြစ်တယ်လို့ KNU ဗဟိုအလုပ်မှုဆောင် လည်းဖြစ်ပြီး ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ပဒိုစောတောနီး က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
-မန္တလေးအိုးဘိုထောင်မှာရှိတဲ့ အမျိုးသားဆောင်ကို ဒရုန်းဗုံး အကျဲခံရမှတာကြောင့် သေဆုံးခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသား ၁၇ ယောက်အထိ တိုးလာတယ်လို့ မြန်မာနိုင်ငံ လုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသား များကွန်ရက်(PPNM)ရဲ့ ကိုသိုက်ထွန်းဦးက ပြောပါတယ်။
မန္တလေးတိုင်း၊ မိုးကုတ်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးထားတဲ့ ဂေါ်ရခါး ပြည်သူ ၈၄ ယောက်ကို TNLA က ပြန်လွှတ်ပေးလိုက်တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
