35 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၂ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၂ ရက် နေ့လပိုင်း ရရှိထားတဲ့သတင်းတွေကတော့
– ယာယီသမ္မတ၊ ပြည်ထောင်စုဝန်ကြီးချုပ်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေအပါအဝင် အစိုးရအဖွဲ့ဝင်တွေက ပြည်တွင်းထဲကနေ အစိုးရအလုပ်တွေ လုပ်ဆောင်နေကြတဲ့အတွက် Exile Government ဆိုတဲ့ အသုံး အနှုန်းမျိုး မသုံးနှုန်းဖို့ အမျိုးသားညီညွတ်ရေးအစိုးရက ပြောဆိုလိုက်ပါတယ်။
– မွန်ပြည်နယ်၊ သထုံမြို့နယ် အခြေစိုက်၊ အကြမ်းဖက် စစ်ကောင်စီရဲ့ အမှတ် ၄၀၂ အမြှောက် တပ်ရင်း ကတပ်သား ထွန်းထွန်းဟာ ဇွန်လ ၂၀ ရက်နေ့မှာ သထုံခရိုင် PDF တပ်ရင်း ၂ ဆီကို အလင်းဝင်လာ ခဲ့တယ်လို့ သိရပါတယ်။
– စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်၊ တရုတ်-ဝမ်ပေါင် ကြေးနီစီမံကိန်း အနီး မိုးကြိုးပြင် (မြောက်) ကျေးရွာက ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်ကောင်စီတပ်က လည်လှီးသတ်ဖြစ်တာ အပြင် ၊ ဓားနဲ့ ခုတ်ထစ် သတ်ဖြတ်ထားတယ်လို့ ဒေသခံတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်၊ ပုသိမ်-မုံရွာလမ်း ၊ မဲဇလီ-တံတားမှာ PDF တွေ လိုက်ပါလာတဲ့ ဖောကား တစ်စီး တိုက်ခိုက်ခံရပြီး PDF ၁၂ ဦးကျဆုံးသွားတဲ့အပြင် ဒဏ်ရာတွေနဲ့ ၃ ဦး ဖမ်းဆီးခံရ တဲ့သတင်းအပါ အဝင်နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article