25.7 C
Yangon

ဆိပ်ဖြူမြို့နယ်၊ ရှလရွာနှင့် ကျွန်းတောရွာကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၇ ဦးသေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်၊ ရှလရွာနှင့် ကျွန်းတောရွာကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၇ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရှလရွာနှင့် ကျွန်းတောရွာ တို့ကို Y-12 လေယာဉ် ၁ စီးဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း ရှလရွာမှ ပြည်သူ ၄ ဦးနှင့် ကျွန်းတောရွာမှ ပြည်သူ ၃ ဦး သေဆုံးကာ ပြည်သူ ၃ ဦးလည်း ထိခိုက်ဒဏ်ရာရရှိထားပြီး ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း သိရှိရသည်။

“ဆိပ်ဖြူနယ်ထဲက ရှလရွာနဲ့ ကျွန်းတောရွာကို စစ်ခွေးတွေက Y-12 လေယာဉ် ၁ စီး နဲ့ ဗုံးကျဲ တိုက်ခိုက်သွားတာ ရှလရွာက ပြည်သူ ၄ ဦးသေဆုံးပြီး ကျွန်းတောရွာက ပြည်သူ ၃ ဦးသေဆုံးတယ်လို့ ကနဦးသိရပါတယ်။ ထိခိုက်ဒဏ်ရာရရှိသူ ၃ ဦးလည်းရှိတယ်။ ဒဏ်ရာအခြေအနေတွေ စိုးရိမ်ရတယ်” ဟု ဒေသပြည်သူ တစ်ဦးကပြောဆိုသည်။

အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ကျွန်းတောရွာမှ နေအိမ်များနှင့် ပြည်သူများ မွေးမြူထားသော နွားများလည်း သေဆုံးမှုရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article