ရန်ကုန်၊ ဇွန် ၂၂
အကြမ်းဖက်စစ်တပ်က သတ်ဖြတ်လိုက်သော ပြည်သူ အရေအတွက် ၂၀၀၀ ဦး ပြည့်အဖြစ် အမေရိကန်သံရုံး၊ ဥရောပသံရုံး၊ အီတလီသံရုံးအပါအဝင် သံရုံးများ အားလုံး ဝမ်းနည်းမှု အထိမ်းအမှတ် အမည်းရောင် ပရိုဖောင်များ ယနေ့ တွင် ပြောင်းလဲကြသည်။
ရန်ကုန်အခြေစိုက် အမေရိကန်သံရုံး၏ ထုတ်ပြန်ချက်တွင် စစ်အာဏာ ရှင်အဖွဲ့ အစည်း၏ ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုမှစပြီး သတ်ဖြတ်ခံခဲ့ရသည့် အရပ်သားပြည်သူ ၂,၀၀၀ အတွက် မိမိတို့ ဝမ်းနည်းပူဆွေးရပါသည်။ နိုင်ငံ တစ်ဝှမ်းတွင် မြန်မာပြည်သူများအပေါ် ကျူးလွန်ခဲ့သည့် စစ်တပ်၏ လူမဆန် သော ကြမ်းကြုတ်ရက်စက်မှုများသည် စစ်တပ်အတွင်းမှတာဝန်ရှိသူများကို တာဝန်ယူမှု တာဝန်ခံမှုရှိစေရေး အပူတပြင်းလိုအပ်လျက်ရှိကြောင်း မီးမောင်းထိုးပြနေပါသည်။ အာဏာသိမ်းသည့်အချိန်မှစပြီး အမေရိကန် ပြည်ထောင်စုသည် မြန်မာစစ်တပ်၊ စစ်ခေါင်းဆောင်များနှင့် ၄င်းတို့၏ ဘဏ္ဍာရေးအကျိုးစီးပွားများကို အရေးယူပိတ်ဆို့မှုများပြုလုပ်ခြင်းနှင့် နိုင်ငံတကာဘဏ္ဍာရေးစနစ်အတွင်း ၄င်းတို့ဝင်ရောက်နိုင်မှုဟန့်တားရေးတို့ကို ဆောင်ရွက်ခဲ့ပါသည်။ မိမိတို့၏ မိတ်ဖက်များ၊ မြန်မာပြည်သူများနှင့်အတူ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သောစုံစမ်းစစ်ဆေးမှုယန္တရား (IIMM) ကိုပံ့ပိုးကူညီခြင်းကဲ့သို့ တာဝန်ယူမှု၊ တာဝန်ခံမှုရှိစေရေး တိုးမြှင့် ဆောင်ရွက်ခြင်းကို ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ပြီး တစ်ဖက်မှ လည်း မြန်မာနိုင်ငံကို ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီ လမ်းကြောင်း ပေါ်ပြန်လည် ရောက်ရှိစေရန် ဆက်လက်တွန်းအားပေးသွားမည်ဖြစ်သည်” ဟု ထုတ်ပြန် ထားသည်။
အမေရိကန်သံရုံးက ပထမဦးစားစွာ အမည်းရောင် ပရိုဖိုင်ပြောင်းလဲပြီးနောက် မြန်မာနိုင်ငံဆိုင်ရာ ဥရောသမဂ္ဂ သံရုံး၊ အီတလီသံရုံး အပါအဝင် သံရုံးများက ဆက်တိုက်သလို အမည်းရောင် ပရိုဖိုင်များ ဆက်တိုက် ချိန်းနေကြပြီဖြစ်သည်။


