ရန်ကုန်၊ ဇွန် ၂၂
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မဇွပ်ယာန်ကျေးရွာရှိ အချုပ်ထောင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇွန်လ ၂၂ ရက် နံနက် ၄ နာရီခန့်တွင် ကချင်လွတ်လပ်ရေးတပ်မတော် KIA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။
KIA ပူးပေါင်းတပ်ဖွဲ့က ဥရုချောင်းတဖက်ကမ်းမှနေ၍ လက်နက်ကြီးများ၊ ရှော့တိုက်ဒုံးများဖြင့် အကြိမ်ရေ ၂၀ ခန့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ငယ်များဖြင့်လည်း အပြန်အလှန်ပစ်ခတ်မှုများ ရှိကြောင်း ဒေသခံများထံမှ သိရှိရပြီး စစ်ကောင်စီတပ်သား ထိခိုက်သေဆုံးမှု ရှိ၊ မရှိကို ကနဦး မသိရှိရသေးပေ။
အဆိုပါဒေသသည် ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်မဟာ ၉ ထိန်းချုပ်နယ်မြေအတွင်း တည်ရှိသည်။
ဓါတ်ပုံ – တိုက်ခိုက်ခံရသော ဖားကန့်၊ မဇွပ်ယာန်အချုပ်ထောင် ဆိုင်းဘုတ် (ပုံအဟောင်းဖြစ်ပါသည်)