24.9 C
Yangon

ထားဝယ်မြို့တွင် လူငယ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ရဲရင့်အောင် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ ဩဂုတ် ၁၉

တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် လူငယ်များကို စစ်တပ်နှင့် ပူးပေါင်းပြီး ပေါ်တာဆွဲ ဖမ်းဆီးနေသည့် ပျူစောထီး ရဲရင့်အောင်ကို ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း Special Guerrilla Force – အထူးပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်ခန့်တွင် ထား၀ယ်မြို့ ကြက်စားပြင်ရပ်ကွက်တွင် နေထိုင်သော ပျူစောထီး ရဲရင့်အောင် (ခ)တူးတူးကို အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) မှ ရဲဘော်များက ပစ်ခတ် တိုက်ခိုက်ရာ သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး ရဲရင့်အောင် (ခ) တူးတူးသည် စစ်တပ်နှင့် ပူးပေါင်းပြီး လူငယ်များကို ပေါ်တာဆွဲ ဖမ်းဆီးခြင်း၊ ထို့ပြင် အကြမ်းဖက် စစ်တပ်က ရေကြောင်းဖြင့် ဓနိတော ဘက်ကို တောနင်းခဲ့စဉ်က လက်နက်ကိုင်ဆောင်၍ ပါ၀င်ကာ လမ်းပြလုပ်ပေးခြင်းများ ပြုလုပ်ခဲ့သည် အတွက် အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) က ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“ပျူစောထီး ရဲရင့်အောင်က ငါးဖမ်းစက်လှေငယ်နဲ့ ငါးဖမ်းသမား အယောင်ဆောင်ပြီး ရေကြောင်း တစ်လျောက် PDF တပ်ဖွဲ့တွေရဲ့ လှုပ်ရှားမှုတွေကို စုံစမ်းဖို့ ဆင်းလာတယ်လို့ သတင်းရလို့ ကျွန်တော်တို့ အထူးပြောက်ကျားတပ်ဖွဲ့က စစ်ဆေးမေးမြန်းဖို့ သွားရောက်ဖမ်းဆီးတာ အဖမ်းမခံဘဲ ထွက်ပြေးလို့ ပစ်ခတ် ဖမ်းဆီးလိုက်တာ သေဆုံးသွားပါတယ်” ဟု အထူးပြောက်ကျားတပ်ဖွဲ့ (S.G.F) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article