28.5 C
Yangon

UWSA က ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ရှမ်း SSPPတို့ကို တွေ့ဆုံပြီး စစ်လက်နက်နှင့် ငွေကြေး အကူအညီမပေးတော့ဟု ပြောဆို၊ “၀” ပြည်နယ်က အလွန်ဆိုးရွားသော အခြေအနေများကို ရင်ဆိုင်နေရဟုဆို

Must read

ရန်ကုန်၊ ဩဂုတ် ၂၀

“၀” တပ်ဖွဲ့ UWSA က ကိုးကန့် MNDAA ၊ တအာင်း TNLA ၊ ရှမ်း SSPPတို့ကို တွေ့ဆုံပြီး စစ်လက်နက်နှင့်ကိရိယာ၊ ငွေကြေးအကူအညီမပေးတော့ဟု သတင်းထုတ်ပြန် ပြောဆိုသည်။

ယနေ့တွင် “ဝ” ပြည်သွေးစည်း ညီညွှတ်ရေး တပ်မတော် – UWSA က တအာင်းတပ် – TNLA ၊ ကိုးကန့်တပ် – MNDAA နှင့် ရှမ်းတပ် – SSPP တို့ကို ပန်ဆန်းမြို့တွင် တွေ့ဆုံပြီး UWSA ၏ စစ်ရေးဆုံးဖြတ်ချက်အဖြစ် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ မည်သည့် အဖွဲ့အစည်းကို မည်သည့်အကြောင်းပြချက်နှင့်မှ မည်သည့် နေရာ၊ အချိန်၌ ဖြစ်စေ ငွေကြေးအကူအညီ ပေးမည်မဟုတ်ကြောင်း တွေ့ဆုံ ပြောဆိုသည်။

UWSA အနေဖြင့် လက်ရှိ အခြေအနေတွင် အလွန်ဆိုးရွားသော အခြေအနေကို ရင်ဆိုင်နေရကြောင်း၊ “ဝ” ပြည်နယ်သည် မည်သည့် လက်နက်နှင့် ကိရိယာကိုမျှ ပံ့ပိုးပေးတော့မည် မဟုတ်ကြောင်း၊ စစ်ရေးအရ လွယ်ကူချောမွေ့စေရေး၊ သို့မဟုတ် မည်သည့် အဖွဲ့အစည်းကို မည်သည့် အကြောင်းပြချက်၊ အချိန်မရွေး၊ မည်သည့် နေရာ၌ဖြစ်စေ ငွေကြေး အကူအညီ ပေးမည် မဟုတ်ကြောင်း၊ လက်နက်နှင့် စက်ကိရိယာများ၊ ငွေကြေးအကူအညီများ သို့မဟုတ် အခြားထိုကဲ့သို့သော ကိစ္စရပ်များကို တောင်းဆိုခြင်းဖြင့် “ဝ” ပြည်နယ်ကို ထပ်မံနှောက်ယှက်ခြင်းမှ ရှောင်ကြဉ်ရန် တိုက်တွန်း ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက တရုတ်နိုင်ငံနှင့်ပူးပေါင်း၍ ရှမ်းပြည်မြောက်ပိုင်းရှိ တိုင်းရင်းသားလက်နက်ကိုင် များအပေါ် ဖိအားမျိုးစုံ ပေးလျက်ရှိရာ ယခုနောက်ဆုံးတွင် UWSA ၏ တွေ့ဆုံ ဆွေးနွေးပွဲနှင့် ကြေညာချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article