27.1 C
Yangon

ချင်းပြည်နယ်သို့ ဦးတည်လာသည့် စစ်ကား ၁၃၈ စီးပါ စစ်ယာဉ်တန်းကြောင့် ကားလမ်းများကို CDFက ယာယီပိတ်ပင်

Must read

ရန်ကုန်၊ ဩဂုတ် ၂၁

ချင်းပြည်နယ်၊ ကန်ပက်လက်၊ မင်းတပ်နှင့်မတူပီမြို့နယ်များသို့ ဦးတည်လာသည့် အကြမ်းဖက်စစ်တပ်၏ တင့် ကား ၂ စီးနှင့် စစ်ကား ၁၃၆ စီးပါ စစ်ကြောင်းကြောင့် ဆွဲလွဲကျင်း -ကျင်ဒွေးလမ်းပိုင်းနှင့် ဆော-ကန်ပက်လက်လမ်းပိုင်း အပါအဝင် လမ်းပိုင်းများကို ယာယီပိတ်ပင်လိုက်ကြောင်း CNO/CNDF ပြောရေး ဆိုခွင့်ရှိသူ Salai Timmy Htutက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

မကွေးတိုင်း၊ လောင်းရှည် ကပစ ၂၅ မှ အကြမ်းဖက်စစ်သား အင်အား ၈၀၀ ဝန်းကျင်၊ ဆိပ်ဖြူ ဖက်မှ တက်လာသည့် စစ်သား အင်အား ၄၀၀ ဝန်းကျင်၊ ပေါက်မြို့နယ်သို့ ရောက်ရှိနေသော ပခုက္ကူ၊ တပ်မ ၁၀၁ မှ တက်လာသည့် တင့်ကား ၂ စီး၊ စစ်ကား ၁၃၆ စီးပါ စစ်ယာဉ်တန်းနှင့် စစ်ကြောင်းများက ချင်းညီနောင်သိမ်းပိုက် ထိန်းချုပ်ထားသည့် မင်း တပ်မြို့နယ်၊ ကန်ပက်လက်မြို့နယ်၊ မတူပီမြို့နယ်များသို့ မကွေးတိုင်း၊ ယောဒေသမှ တဆင့် အင် အား အလုံးအရင်းဖြင့် အချိန်မရွေး ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်နိုင်ရန် ဦးတည်ချဉ်းကပ်လာ လျက် ရှိကြောင်း သိရသည်။

ထို့ကြောင့် ဩဂုတ်လ ၂၀ ရက်နေ့မှစ၍ ကန်ပက်လက်မြို့နယ်အတွင်းရှိ ဆွဲလွဲ ကျင်း-ကျင်ဒွေးလမ်း ပိုင်းနှင့် ဆော-ကန်ပက်လက် လမ်းပိုင်းများအပြင် မကွေးတိုင်းမှ ကန်ပက်လက်မြို့နယ်အတွင်းသို့ ဝင်ရောက်နိုင် သည့်လမ်းပိုင်း များကို CDF က ပိတ်ပင်လိုက်ကြောင်း သိရှိရသည်။

CNO/CNDF ပြောရေးဆိုခွင့်ရှိသူ Salai Timmy Htutက “ပေါက်ဖက်က ကားအစီး ၁၃၆ စီးအင်အားတော့မသိရဘူး၊ ‌ဆိတ်ဖြူဖက်ကအင်အား ၁၈၀ ထွက်လာတာတော့သိရတယ်၊ လောင်းရှည်ကပစ ၂၅ မှာတော့ ၈၀၀ လောက် စုဖွဲ့ရောက်နေကြတယ်လို့ကြားရတာတယ်။ ဆောမြို့ထဲကို ဘယ်ကဘယ်လိုဝင်လာကြမှန်းမသိ အလျိုလျိုနဲ့ ဝင်ရောက်နေကြတယ်လို့ကြားရတာ နှစ်ပတ်လောက်ရှိပြီ၊ ဝင်ကြတာတော့သေချာတယ်၊အင်အားဘယ် လောက်ဝင်ရောက်နေပြီဆိုတာတော့မသိရဘူး၊ဘယ်လမ်းကနဲ့ ဘယ်လို ဘယ်ချိန်တွေမှာဝင်ကြသလဲတော့မသိရဘူး၊ ၄၀၀ ခန့်ဆိုတာကဆော‌ဝင်ရောက်နှင့်တဲ့အရေအတွက်ခန့်မှန်းချေနဲ့ လက်ရှိဆိတ်ဖြူက ထပ်ထွက်လာတဲ့ ၁၈၀ နဲ့ပေါင်းတွက်တာမျိုးထင်တယ်၊ နီးတော့နီးစပ်မယ်ထင်တယ်” ဟု ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ထို့အပြင် ကန်ပက်လက်မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့်လည် အကြမ်းဖက် စစ်ကောင်စီ တပ်က အချိန် မရွေး ထိုးစစ်ဆင်လာနိုင်သောကြောင့် စစ်ရေးသတိရှိရှိ ကြိုတင်ပြင်ဆင်ထားကြရန်နှင့် အချိန်မရွေး နေရာ မရွေး တိုက်ခိုက်လာနိုင်သည့် လေကြောင်းတိုက်ခိုက်မှုအန္တရာယ်မှ ကာကွယ်နိုင် ရန် လေကြောင်း ဒဏ်ခံ နိုင်သည့် ဗုံးခိုကျင်း၊ ကတုတ်ကျင်းများတူး၍ သတိရှိရှိ နေထိုင်ကြရန် တိုက်တွန်းနှိုးဆော်ထားသည်။

လတ်တလော ချင်းညီနောင်နှင့် CNF တို့အကြား ချင်းပြည်ကို ထိုးစစ်ဆင်လာသော စစ်ကောင်စီ၏ ထိုးစစ်ကို ပြန်လည် ခုခံ တိုက်ခိုက်ရန် ဆွေးနွေးညှိနှိုင်းမှု တစ်စုံတစ်ရာ မရှိသေးကြောင်း CNO/CNDF ပြောရေး ဆိုခွင့်ရှိသူ Salai Timmy Htutက ပြောဆိုသည်။

ဓာတ်ပုံ – အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

အကြမ်းဖက်စစ်တပ်၏ စစ်ယာဉ်တန်းတစ်ခု။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article