27.9 C
Yangon

မြိတ်-ထားဝယ်ခရိုင်ဒေသသို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KNDO တိုက်ခိုက်မှု စစ်ကား ၁ စီး ပျက်စီးပြီး စစ်တပ်ဘက်မှ ဒဏ်ရာရသူများပြား၊ စစ်သား ညီညီဇော် လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်ဒေသသို့ ထိုးစစ်ဆင်လာသော စစ်တပ်စစ်ကြောင်းကို KNDOက တိုက်ခိုက်ခဲ့ရာ စစ်ကား ၁ စီး ပျက်စီးပြီး စစ်တပ်ဘက်မှ ဒဏ်ရာရသူများပြားကြောင်း KNDO ဌာနချုပ်က သတင်းထုတ်ပြန်သည်။

မြိတ်-ထားဝယ် ခရိုင်ဒေသ၊ မြိတ်မြို့နယ်အတွင်းသို့ ကရင်အမျိုးသားကာကွယ်ရေးတပ်(KNDO)တပ်ရင်း ၇ ၊ တပ်ခွဲ ၃ တာဝန်ယူထားသော ပိုင်နက်နယ်မြေသို့ စစ်တပ်က စစ်ကြောင်းထိုးလာကြောင်း၊ အဆိုပါ စစ်တပ်စစ်ကြောင်းကို မြိတ်မြို့နယ်၊ လသာကျေးရွာအနီးတွင် KNDO တပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုအတွင်း စစ်တပ်ဘက်မှ စစ်ကား ၁ စီးပျက်စီးပြီး ထိခိုက်ဒဏ်ရာရရှိသူများ ပြားကြောင်း သိရှိရသည်။

ယင်းနောက် အထိနာသွားသော အဆိုပါ စစ်တပ်စစ်ကြောင်းမှ အသက် ၂၀ နှစ်အရွယ် တပ်သား ညီညီဇော်က လက်နက်ခဲယမ်းများနှင့်အတူ အလင်းဝင်လာကြောင်း၊ အလင်းဝင်လာသော စစ်ကောင်စီတပ်သား ညီညီဇော်ကို လိုအပ်သည်များ စစ်ဆေးမေးမြန်းပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ စည်းမျဉ်းများနှင့်အညီ သက်ဆိုင်ရာ ဌာနထံသို့ ပို့ဆောင်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

တနင်္သာရီတိုင်း၊ မြိတ်-ထားဝယ်ခရိုင်ဒေသအတွင်း စစ်တပ်နှင့်တော်လှန်ရေးတပ်များအကြား တိုက်ပွဲများ မကြာ ခဏ ဖြစ်ပွားပြီး စစ်ရေးတင်းမာလျက်ရှိကြောင်း ဒေသတော်လှန်ရေးသတင်းရင်းမြစ်များက ပြောဆိုသည်။

ဩဂုတ်လ ၁၈ ရက်နေ့နှင့် ဩဂုတ်လ ၁၉ ရက်နေ့တို့တွင် ထားဝယ်မြို့မှ မေတ္တာမြို့သို့ စစ်ကြောင်းထိုးလာသော စစ်တပ်စစ် ကြောင်း နှင့် စစ်ယာဉ်တန်းကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂၀ ဦးကျော်သေဆုံးပြီး ထောက်ပို့စစ်ကား ၈ စီး ပျက်စီးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့များက သတင်းထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article