25.9 C
Yangon

ရိုဟင်ဂျာဒုက္ခသည်များ အရေး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းစစ်ဆေးသူ Tom Andrews နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် တို့တွေ့ဆုံဆွေးနွေး

Must read

ရန်ကုန်၊ ဩဂုတ် ၂၂

မြန်မာနိုင်ငံမှ ရိုဟင်ဂျာဒုက္ခသည်များ အရေး ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းသူ Tom Andrews နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် ပါမောက္ခ Muhammad Yunus တို့ ယနေ့ တွေ့ဆုံဆွေးနွေးကြကြောင်း ဘင်္ဂလားဒေ့ရှ်မှလာသော သတင်းများအရ သိရှိရသည်။

သြဂုတ်လ ၂၅ ရက်နေ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ပြုလုပ်မည့် ရိုဟင်ဂျာအရေး နိုင်ငံတကာ ညီလာခံ မတိုင်မီ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဒါကာမြို့သို့ ရောက်ရှိနေစဉ် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးစုံစမ်းသူ Tom Andrews နှင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် ပါမောက္ခ Muhammad Yunus ကို တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ရိုဟင်ဂျာ အရေးကိစ္စအတွက် ကမ္ဘာ့ဇာတ်ခုံတွင် ဦးစားပေး ဖြစ်လာစေရေး ဦးဆောင်မှု အခန်းကဏ္ဍမှ ပါဝင်နေမှုအတွက် ကုလသမဂ္ဂအထူးသံတမန် Tom Andrews က ဘင်္ဂလားဒေ့ရှ်အစိုးရ ခေါင်းဆောင် ပါမောက္ခ Muhammad Yunusကို ချီးကျူးခဲ့သည်။

“ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေကို အမိုးအကာနဲ့ အကူအညီတွေ ပေးတဲ့အပြင် ရေရှည်ပြဿနာ ဖြေရှင်းရေး အဖြေရှာပေးနေတဲ့ ဘင်္ဂလားဒေ့ရှ် ခေါင်းဆောင် ပါမောက္ခဒေါက်တာ Yunus ကို ကမ္ဘာကြီးက ကျေးဇူးတင်နေပါတယ်” ဟု Tom Andrews က​ ပြောဆိုသည်။

တွေ့ဆုံမှုအတွင်း ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ဒေါက်တာ Yunus က ရိုဟင်ဂျာများအတွက် နိုင်ငံတကာ အကူ အညီများ ကျဆင်းလာမှုအပေါ် စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ထွက်ပြေးလာရသော ရိုဟင်ဂျာဒုက္ခသည်များအတွက် ထောက်ပံ့မှုများ တိုးမြှင့်ပေးအပ်ရန် တိုက်တွန်းသည်။

လာမည့် စက်တင်ဘာလ ၃၀ ရက်နေ့ အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ရှိ ကုလသမဂ္ဂဌာနချုပ်တွင် ရိုဟင်ဂျာများအတွက် ကုလသမဂ္ဂ ၏ နိုင်ငံတကာညီလာခံတစ်ခုကို ကျင်းပရန် ရှိနေပြီး ယင်းညီလာခံ ဖြစ်မြောက်ရေးအတွက် အဓိက ဦးဆောင်ခဲ့သော ဘင်္ဂလားဒေ့ရှ် အစိုးရ၊ အကြံပေးအရာရှိချုပ် ဒေါက်တာ Yunus ကို ကျေးဇူးတင်ကြောင်း Tom Andrews က ပြောဆိုသည်။

“ ရိုဟင်ဂျာပြဿနာဟာ နိုင်ငံတကာရဲ့ အာရုံစူးစိုက်မှုကနေ ပျောက်ကွယ်လုနီးပါးဖြစ်ခဲ့ပါတယ်။ မနှစ်က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်အကြံပေးအရာရှိချုပ်က ရိုဟင်ဂျာတွေအတွက်နိုင်ငံတကာ ညီလာခံတစ်ခုကျင်းပဖို့ နိုင်ငံပေါင်း ၁၀၆ နိုင်ငံကို တောင်းဆိုခဲ့ပါတယ်။ ဒီအတွက်လည်း ဘင်္ဂလားဒေ့ရှ်ကို ကမ္ဘာကြီးက ကျေးဇူးတင်နေပါတယ်” ဟု Andrews က ဆက်လက်ပြောဆိုသည်။

ရခိုင်ပြည်နယ်ကို တည်ငြိမ်ရေး နှင့် ရိုဟင်ဂျာဒုက္ခသည်များ နေရပ်ပြန်နိုင်ရေး အတွက် ကုလသမဂ္ဂ အတွင်းရေး မှူးချုပ်က စီစဉ်ထားသော လူသားချင်းစာနာမှု လမ်းကြောင်းတစ်ခု တည်ထောင်ရေး စီမံချက်မှာလည်း အလိမ် အညာ မုသားသတင်းများကြောင့် အကောင်အထည်မဖော်နိုင်ခဲ့ခြင်းအပေါ် စိတ်ပျက်မိကြောင်း ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article