32.3 C
Yangon

မတ္တရာမြို့နယ်၊ စကားပင်ရွာ ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ဘုရား ဆင်းတုတော်များ အပါအဝင် အဆောက်အဦးများ ထိခိုက်ပျက်စီး

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ စကားပင်ရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ဘုရား ဆင်းတုတော်များ အပါအဝင် အဆောက်အဦးများ ထိခိုက်ပျက်စီးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၉ နာရီ ၁၆ မိနစ်ခန့်တွင် မတ္တရာမြို့နယ်၊ စကားပင်ကျေးရွာ ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်၏ တံတားဦး လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ပေါင် ၅၀၀ ဗုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို တိုက်ခိုက်မှု အတွင်း ဘုန်းကြီးကျောင်းရှိ ဘုရားဆင်းတုတော်များ အပါအဝင် အဆောက်အဦးများလည်း ထိခိုက်ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှု မရှိကြောင်း သိရှိရသည်။

“စကားပင်ကျေးရွာအတွင်းက ဘုန်းကြီးကျောင်းကို အကြမ်းဖက် စစ်တပ်ရဲ့ တံတားဦး လေတပ်ကနေ တက်လာတဲ့ ဂျက်ဖိုက်တာ ၁ စီးက ဒီနေ့ နံနက် ၉ နာရီကျော်လောက်မှာ ပေါင် ၅၀၀‌ ဗုံးကျဲချ တိုက်ခိုက်သွားတာ ဘုရားဆင်းတုတော်နဲ့ အဆောက်အဦးတွေ ထိခိုက်ပျက်စီးတယ်။ ပြည်သူတွေတော့ ထိခိုက်မှုမရှိဘူး” ဟု Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

အလားတူ ယမန့်နေ့ ည ၇ နာရီ ၃၀ မိနစ်ခန့်ကလည်း အကြမ်းဖက် စစ်တပ်၏ အသေခံ ဒရုန်း ၁ စီးက စကားပင်ကျေးရွာ ဘုန်းကြီးကျောင်းကို လေကြောင်း တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article