30.8 C
Yangon

ညောင်လေးပင်တွင် စစ်တပ်၏ တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်မှု စစ်သား ၁ ဦး သေဆုံး၊ စလင်းတွင် စစ်တပ် ပတ်ကင်းကို တိုက်ခိုက်မှု စစ်သားများ ထိခိုက်မှုရှိ

Must read

ရန်ကုန်၊ ဩဂုတ် ၂၃

ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ် မဒေါက်လမ်းပိုင်းရှိ အကြမ်းဖက် စစ်တပ်၏ တာပြတ်ဂိတ်စခန်းကို စနိုက်ပါဖြင့် ပစ်ခတ် တိုက်ခိုက်ရာ စစ်သား ၁ ဦး သေဆုံးခဲ့ကြောင်း Fire Dragon အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဩဂုတ်လ ၂၃ ရက်နေ့ နံနက် ၁၀ နာရီ ၃၉ မိနစ်ခန့်တွင် ညောင်လေးပင်မြို့နယ် မဒေါက် လမ်းပိုင်းရှိ အင်အား ၄၀ ခန့် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်၏ တာပြတ်ဂိတ်စခန်းကို တော်လှန်ရေး တပ်ဖွဲ့များက စနိုက်ပါဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်သား ၁ ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးကာ တော်လှန်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

“ညောင်လေးပ​င် မဒေါက်-ရွှေကျင် ကားလမ်းပိုင်းမှာရှိတဲ့ တာပြတ်စခန်းအနီးမှာ လှုပ်ရှားသွားလာနေတဲ့ စစ်ခွေးတွေကို စနိုက်ပါနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၁ ကောင် နေရာတင် ပွဲချင်းပြီး သေဆုံးတယ်။ စစ်ခွေး အင်အားကတော့ ၄၀ ခန့်ရှိပါတယ်။ ပစ်ခတ်ပြီးတဲ့အချိန်မှာ တာပြတ်စခန်းနဲ့ မနီးမဝေး ရှိတဲ့ ပုဇွန်မြောင်းထိပ် သာသနာ့ဗိမာန်မှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ခွေးတွေက ၄၀ မမ ဗုံးတွေနဲ့ ရမ်းသမ်း ပစ်ခတ်တာတွေရှိတယ်။ တော်လှန်ရေး ရဲဘော်တွေတော့ ထိခိုက်မှုမရှိဘူး” ဟု Fire Dragon အဖွဲ့ က တာဝန်ရှိသူကပြောဆိုသည်။

အလားတူ မကွေးတိုင်း၊ စလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ် ပတ်ကင်းကို တိုက်ခိုက်ရာ စစ်သားများ ထိခိုက်သေဆုံးမှုရှိကြောင်း ဒေါင်းညီနောင် ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ဩဂုတ်လ ၂၂ ရက်နေ့တွင် စလင်းမြို့နယ်၊ လင်းဇင်းတိုက်နယ် ရဲစခန်းမှ ကင်းပတ်ရန် ထွက်လာသော စစ်သားနှင့် ပျူစောထီးများသည် တော်လှန်ရေး တပ်ဖွဲ့များ ထောင်ထားသော မိုင်းကို နင်းမိပြီးနောက် ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုရှိပြီး စစ်သားအလောင်းများကို သယ်ထုတ်ကာ လင်းဇင်းရဲစခန်းကို စစ်ကြောင်း တစ်ခုလုံး ပြန်လည် ဆုတ်ခွာသွားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article