ဒီကနေ့ ဩဂုတ် ၂၄ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့-
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က တရုတ်ပြည်ကို သွားရောက်ဖို့ ရှိနေပြီး ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေး အစည်းအဝေး နဲ့ စစ်ရေးပြ အခမ်းအနားကိုပါ တက်ဖို့ရှိနေတယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ် ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
– ပြည်ပရောက် မြန်မာတွေကို အကြမ်းဖက် စစ်တပ်လက်အောက်ခံ သံရုံးတွေက ကြိုတင်မဲ ပုံစံ ၁၅ ဖောင်လာဖြည့်ကြဖို့ နှိုးဆော်နေပြန်သလို ၊ ထိုင်းနိုင်ငံရောက်နေတဲ့ စစ်တပ်နဲ့ပက်သက်သူတွေကလွဲပြီး ကျန်တဲ့ ထိုင်းရောက် မြန်မာတွေကတော့ မဲပေးဖို့ အစီအစဉ်လုံး၀ မရှိဘူးလို့ ပြောထားကြပါတယ်။
– အကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ ပဋိပက္ခတွေကိုသာ တိုးပွားလာစေ မှာဖြစ်တဲ့အတွက် အသိအမှတ် မပြုပဲ ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ကြဖို့ NLD ပါတီက ထုတ်ပြန်လိုက်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
