ရန်ကုန်၊ ဇွန် ၂၂
စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း ဟဲလုပ်ကျေးရွာအနီးတွင် အကြမ်း ဖက် စစ်ကောင်စီအင်အား ၁၀၀ ကျော်ခန့်ကို PDF ပူးပေါင်းတပ်များက ယနေ့ ခြုံခိုတိုက်ခိုက်ခံခဲ့ရရာ စစ်တပ်ဘက်မှ ၁၀ ဦးကျော်ထက် မနည်းသေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း Chin land Defense Force (Kalay Kabaw Gangaw) က သတင်းထုတ်ပြန်သည်။
ယနေ့ ဇွန်လ ၂၂ ရက်နေ့ နံနက် ၉ နာရီ မိနစ် ၃၀ ခန့်မှ မွန်းလွဲ ၃ နာရီကျော် အထိ တိုက်ပွဲအချိန်ကြာမြင့်ခဲ့ပြီး ပြည်သူတော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ CDF -KKG တပ်ရင်း (၃)၊ PDF Kalay ၊ Vakok/NA(CNDF) ၊ RKDF၊ ပ.က.ဖ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီဝင် ၁၀ ဦးထက် မနည်းသေကာ အများ အပြား ဒဏ်ရာရရှိခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ပ.က.ဖ ရဲဘော် တစ်ဦး၊ Vakok/ NA (CNDF) ရဲဘော်နှစ်ဦး၊ PDF Kalay ရဲဘော်တစ်ဦး ၊ စုစုပေါင်း လေးဦး ဒဏ်ရာ ရရှိခဲ့ပြီး PDF Kalay မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း Chinland Defense Force (Kalay Kabaw Gangaw) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြ ထားသည်။
PDF ကလေးကလည်း ယနေ့ ညနေ ၄ နာရီအချိန် စစ်ကိုင်းတိုင်း၊ ကလေး မြို့ဘက်မှ တမူးမြို့ဘက်သို့ ဦးတည် မောင်းနှင်လာသော ကား ၇ စီးပါဝင်သည့် စစ်ကောင်စီယာဉ်တန်းကို ကလေး-တမူး လမ်းမကြီး နေကျော်လေး အနီးတွင် PDF ကလေး တပ်ဖွဲ့ဝင်များက ပဒေသာမိုင်းများဖြင့် တိုက်ခိုက်ကြောင်း၊ စစ်ကား ၃ စီး ထိမှန်ပြီး ကား ၁ စီးမှာ ပ်လက်လန် လွင့်ထွက်သွားကြောင်း၊ အဆိုပါ မိုင်းဆွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီဘက်မှ ၂၀ ဦးခန့်သေဆုံးနိုင် ကြောင်း PDF ကလေးက သတင်းထုတ်ပြန်သည်။
ဓာတ်ပုံ- တိုက်ပွဲများတွင် သေဆုံးခဲ့သော စစ်ကောင်စီတပ်ဖွဲ့ဝင်များ။