26.3 C
Yangon

ကသာတွင် ၁၁ ရက်တာ တိုက်ပွဲအတွင်း စစ်သား ၁၄၅ ဦးထက်မနည်း သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၂

စစ်ကိုင်းတိုင်း ကသာမြို့နယ်အတွင်း ABSDF၊ ကသာမြို့နယ် ပြည်သူ့ကာကွယ် ရေး အဖွဲ့ (ပကဖ)၊ ကသာခရိုင် PDF တပ်ရင်း-(၃)၊ ရပ်ကျေး ပကဖ များ၊ မဟာ မိတ် EROs များက ဇွန်လ ၁၁ ရက်နေ့မှ ၂၁ ရက်နေ့ထိ စစ်ကောင်စီ တပ်များ ကို တိုက်ခိုက်ခဲ့ရာ စစ်သား ၁၄၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ကသာ မြို့ နယ် ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၁ ရက်နေ့ လောင်းတော်ဦးတိုက်ပွဲ၌ အကြမ်းဖက် စစ်တပ် စစ်ကြောင်း ကို ကသာ ခရိုင် PDF တပ်ရင်း ၃ က ဉီးဆောင် တိုက်ခိုက်ခဲ့ပြီး ABSDF တပ်ဖွဲ့ နှင့် ဒေသခံ ပကဖ များက ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်သား ၃၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့ ကသာ ကားကြီးကွင်းအနီး တိုက်ပွဲတွင် အကြမ်းဖက် စစ် တပ် စစ်ကြောင်းကို ABSDF တပ်ဖွဲ့က ဉီးဆောင်ကာ ကသာ ခရိုင် PDF တပ်ရ င်း ၁ နှင့် ပကဖများမှ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၀ ဦးထက်မနည်း သေ ဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၇ ရက်နေ့တွင် ခြောက်မျက်နှာရွာအနီးတွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကသာခရိုင် PDF တပ်ရင်း ၃ က ဦးဆောင်ကာ ဒေသခံ ပြည်သူ့ ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့များနှင့် ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၂၀ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၈ ရက်နေ့တွင် အလယ်ကျွန်းကျေးရွာအနီး နတ်ရေတွင်းနားတွင် အကြမ်း ဖက် စစ်တပ်နှင့် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ ထပ်မံ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်သား ၆၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် မြဆည်းဆာဂိတ်ကို ဒေသခံ ကာ ကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၅ ဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် ငါးအိုး ခလရ ၁၂၁ လိုင်းခန်းအား ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များက ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း သိရသည်။

ကသာမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ် အင်အား ၄၀၀ ကျော်ခန့်ပါ စစ် ကြောင်း သည် ကသာမြို့ပေါ်တွင် အထိုင်ချကာ မြို့နယ်အတွင်းရှိ အရှေ့ ဘက် ကမ်း၊ အနောက်ဘက် ကမ်းများကို လှည့်လည်ပြီး စစ်ကြောင်းထိုးနေခြင်း၊ငါးအိုး ခလရ ၁၂၁ တပ်မှ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းသည်လည်း ရွှေလီ မြစ်ရိုးဒေသ၊ ထီးချိုင့်နယ်စပ် တို့တွင် စစ်ကြောင်းလှည့်ထိုးနေခြင်း တို့ကြောင့် စစ်ရေးအရ ပူးပေါင်းချိတ်ဆက် တိုက်ပွဲဝင် တိုက်ခိုက်ကြရန် မေတ္တာ ရပ်ခံ အပ်ကြောင်း ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က ထုတ်ပြန် ထား သည်။

ဓာတ်ပုံ- ကချင်ပြည်နယ်နှင့်စစ်ကိုင်းတိုင်းအစပ်တွင် လှုပ်ရှားနေသော PDF တပ်များ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article