ရှမ်းပြည်နယ်မြောက်ပိုင်းတွင် TNLA က သိမ်းပိုက်ထားသော ကျောက်မဲမြို့နယ်အတွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်ဝန်းကျင်အချိန် စစ်တပ်က တိုက်လေယာဉ်ဖြင့် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းဘက်သို့ လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ကြောင်း၊ ယနေ့ ဗုံးကျဲမှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေကို မသိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။
ထို့ပြင် ယမန်နေ့ ဩဂုတ်လ ၂၄ ရက်နေ့ မွန်းလွဲပိုင်း ကျောက်မဲမြို့နယ်၊ လုံကြိမ်(ကျောင်းကုန်း) ကျေးရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၅၀၀ ဗုံးကျဲချသဖြင့် ပြည်သူ ၂ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။
“ပေါင် ၅၀၀ ကျဲချတာက အမျိုးသား ၂ ဦးသေဆုံးပါတယ်။ ရွာထဲကို ကျဲချတာပါ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။
ဩဂုတ်လ ၂၀ ရက်နေ့ ကျောက်မဲမြို့နယ် ပင်တီးကျေးရွာ၊ ပင်တီးဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် စစ်ရှောင် ပြည်သူ ၁၀ ဦး သေဆုံးကာ ၁၂ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

