မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ပေခုနစ်ပင်ရွာကို အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေ၍ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ ဩဂုတ်လ ၂၅ ရက်နေ့ နံနက်ပိုင်းတွင် ဒီးဒုတ်ကွင်းရွာမှ ပျူစောထီးများနှင့် စစ်သားများက ပေခုနစ်ပင်ရွာကို စစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ကျေးရွာနေပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်သူများ ဖမ်းဆီးခံရမှု ရှိမရှိနှင့် ထိခိုက်မှု အခြေအနေကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရှိရသည်။
“ပေခုနစ်ပင်ရွာကို ဒီးဒုတ်ကွင်းက ပျူစောထီးတွေနဲ့ စစ်ခွေးတွေ စစ်ကြောင်းထိုး ဝင်ရောက်ပြီး မီးရှို့နေတာ ပေါက်မြို့ပေါ်က ထွက်လာတဲ့ စစ်ခွေး ရိက္ခာပို့ ကားတန်းကို လုံခြုံရေး ယူပေးဖို့ ရောက်နေတာလား မသိဘူး။ အဲခွေးကားတန်းကလည်း အခုလမ်းပိုင်းကို ထွက်လာနေပြီ” ဟု ဒေသပြည်သူတစ်ဦးကပြောဆိုသည်။
ဩဂုတ်လ ၂၃ ရက်နေ့တွင် ပေါက်မြို့မှ ထွက်ခွာလာသော ကား အစီးရေ ၈၀ ခန့် ပါဝင်သည့် အကြမ်းဖက် စစ်တပ် ရိက္ခာယာဉ်တန်းသည် လက်ရှိချိန်တွင် ဘုရားတောင်ရွာနှင့် ယာကြီးပြင်ရွာ အကြားတွင် ရောက်ရှိနေပြီး စစ်တပ် ကင်းပုန်းများလည်း ပခုက္ကူ – ပေါက် လမ်းပိုင်း တစ်လျောက်တွင်ချထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
