22 C
Yangon

ရေးမြို့နယ်၊ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦသေဆုံးပြီး ၃ ဦး ထက်မနည်း ဒဏ်ရာရ

Must read

ရန်ကုန်၊ ဩဂုတ် ၂၅

မွန်ပြည်နယ်၊ ရေးမြို့နယ် ကျောင်းရွာရှိ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၁ ဦသေဆုံးပြီး စစ်သား ၃ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Youth Revolutionary Force မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဩဂုတ်လ ၂၃ရက်နေ့ နံနက် ၅နာရီ ၃၀မိနစ်ခန့်အချိန် ရေးမြို့နယ် ကျောင်းရွာရှိ ခမရ ၅၉၁ ခြေမြန်တပ်ရင်းကို YRF လူငယ်တော်လှန်ရေးအဖွဲ့ ၄၀ မမ ၃ လုံးပစ်ခတ်ခဲ့ပြီး လက်နက်ငယ်များဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ကြောင်း၊အဆိုပါ တိုက်ခိုက်မှုအတွင်း အကြမ်းဖက်စစ်တပ်ဘက်မှ စစ်သား ၁ ဦးသေဆုံးပြီး ၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိကြောင်း၊ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ပြီး ယင်းနေ့ နံနက်ပိုင်းတွင် တပ်အနီးဝန်းကျင်များကို လုံခြုံရေး တင်းကျပ်စွာစစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း၊ တော်လှန်ရေး ရဲဘော်များအနေဖြင့် အထိ အခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရသည်။

“စစ်ခွေး သေစာရင်းကတော့ ထပ်တိုးသေတာတော့ မရှိသေးဘူး။ စစ်ခွေးတွေ ဘက်က ပြန်လည် ပစ်ခတ်တာမျိုးတော့မရှိဘူး။ ဝင်ရောက်ပစ်ခတ်ချိန်မှာနဲ့ ကျနော်တို့ပစ်ခတ်ပြီး ပြန်ဆုတ်ချိန်မှာတော့ စစ်တပ်က လက်နက်ကြီးပစ်ခတ်ခဲ့တာပဲရှိတယ်။ စစ်ခွေး အင်းအားကတော့မနည်းဘူး။ပစ်ခတ်ပြီးအချိန်မှ စစ်ဆေးမှုပြုလုပ်တာလည်းရှိတယ်။ ကျေးရွာနဲ့လမ်းပိုင်းတွေမှာ စစ်ကားနှစ်အပြည်နဲ့၊ စစ်ကားနှစ်စီး စစ်သားအပြည်နဲ့ လူငယ်တွေကိုအဓိကထားပြီး စစ်ဆေးမှုများလုပ်တယ်လို့ ကျနော်တို့သိရတယ်။ “ဟု Youth Revolutionary Force မှ တာဝန်ရှိသူက ပြောဆိုသည်။

အဆိုပါတိုက်ခိုက်မှုကို YRF လူငယ်တော်လှန်ရေးအဖွဲ့ နှင့် KNLA တပ်ရင်း ၂၇ တပ်ခွဲ ၅ တို့က ပူးပေါင်း လုပ် ဆောင်ခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article