ဒီကနေ့ ဩဂုတ် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု ၈ နှစ်ပြည့်တဲ့အချိန်မှာပဲ အကြမ်းဖက် မင်းအောင်လှိုင်နဲ့ စစ်ခေါင်းဆောင်တွေကို နိုင်ငံတကာ တရားရုံးရှေ့ မှောက် ခေါ်ဆောင်ဖို့ SAC-M က တိုက်တွန်းလိုက်ပြီး ဗြိတိန်နိုင်ငံကလည်း တရားမျှတမှု ရရှိရေးအတွက် ဆက်လက် ပံ့ပိုးသွားမယ်လို့ ထုတ်ပြန်လိုက်ပါတယ်။
- စစ်ကိုင်းမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ မင်းကွန်းနယ်မြေရဲစခန်းကနေ ကွမ်းယာဝယ်ဖို့ ထွက်လာတဲ့ တပ်ကြပ် ရဲလင်းနိုင် ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရမိထားပြီး သူ့ရဲ့ဖုန်းအတွင်းမှာ တော်လှန်ရေးတပ်ဖွဲ့တွေကို စိန်ခေါ်ထားတဲ့ မက်ဆေ့တွေကိုပါ တွေ့ရှိရတယ်လို့ ယူနီကွန်း ပျောက်ကြားတပ်ဖွဲ့ရဲ့ တာဝန်ခံက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ တောင်ကြီးမြို့ ကြက်ခြေနီ ဥက္ကဋ္ဌ လေတပ်ဗိုလ်မှူးဟောင်း ညီညီ ဆိုသူက စစ်ဘေးရှောင်ပြည်သူတွေ အတွက် နိုင်ငံတကာကပေးထားတဲ့ အကူအညီတွေ အပါအဝင် ပြည်တွင်းပြည်ပက လှူဒါန်းထောက်ပံ့ ငွေတွေကိုပါ အလွဲသုံးစားပြုမှု ဖြစ်ပွားနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
