30 C
Yangon

ယင်းမာပင်တွင် စစ်ကောင်စီတပ်ဖွဲ့မှ အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၅ ဦး မိုင်းဆွဲ တိုက်ခိုက်ခံရပြီး သေဆုံး၊ ကျောက်ပန်းတောင်း ကာကွယ်ရေး တပ်ဖွဲ့ စခန်း၂ ခုကို စစ်တပ်က မီးရှို့ဖျက်ဆီး PDF ရဲဘော် ၂ ဦးကျဆုံးပြီး ၂ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ ဇွန် ၂၃

စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာမမှ ကင်းပတ်လာသော အကြမ်းဖက် စစ်တပ် အင်အား ၂၀ ပါစစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၁၇ ရက်နေ့တွင် ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက မိုင်းဆွဲ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ အရာရှိ ၁ ဦးနှင့် တပ်ဖွဲ့ဝင် ၅ ဦးသေဆုံးခဲ့ကြောင်း ချိုချိုမိုင် ယင်းမာပင်-ကနီ မဟာမိတ် တပ်ပေါင်းစု ထံမှ သိရသည်။

အဆိုပါ စစ်ကောင်စီ ကင်းလှည့် တပ်ဖွဲ့ဝင်များကို ဘန့်ဘွေးရွာမ အရှေ့ဘက် ငါးမိုင်တိုးဂိတ်အနီးတွင် ချိုချိုမိုင် ယင်းမာပင်-ကနီ မဟာမိတ် တပ်ပေါင်းစု၊ အမိမြေ တော်လှန်ရေးတပ်ဖွဲ့နှင့် Yinmabin Local PDF တို့က ပူးပေါင်း မိုင်းဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ တပ်ဖွဲ့မှ အရာရှိ ၁ ဦးသည် ဇွန်လ ၂၁ ရက်နေ့မှ ထိခိုက်ဒဏ်ရာများဖြင့် သေဆုံးခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ဇွန်လ ၂၁ ရက်နေ့တွင် သေဆုံးသွားသော စစ်ကောင်စီ တပ်မှ အရာရှိ ရုပ်အလောင်းကို စစ်တပ်မှ လာရောက် သယ်ဆောင်စဥ် ချိုချိုမိုင် ယင်းမာပင်-ကနီ မဟာမိတ် တပ်ပေါင်းစုနှင့် Yinmabin Local PDF တို့က ထပ်မံ မိုင်းဆွဲ တိုက်ခိုက်ခဲ့သော်လည်း စစ်ကောင်စီကားတွင် Jammer (ဖုန်းလိုင်း အင်တာနက်လိုင်းဖြတ် တောက်သည့် ပစ္စည်း) ပါဝင်သောကြောင့် မိုင်းဆွဲ တိုက်ခိုက်မှု လွဲချော်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်း ကျောက်ပန်းတောင်း မြို့နယ်အခြေစိုက် Kyaukpadaung Defence Force(KDF) တပ်စခန်း ၂ ခုကို အကြမ်းဖက် စစ်တပ်က ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၆ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် စီးနင်းခဲ့ပြီး ကာကွယ်ရေး ရဲဘော် ၂ ဦး ကျဆုံးပြီး ၂ ဦး အရှင် ဖမ်းဆီးခံရကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်က KDF စခန်း ၂ ခုအား ဝင်ရောက် စီးနင်းချိန်တွင် ကာကွယ်ရေး တပ်ဖွဲ့များက လက်လုက် သေနတ်များဖြင့် ပြန်လည်ခုခံခဲ့ပြီး အင်အားမမျှသောကြောင့် စခန်း ၂ ခု လက်လွှတ်လိုက်ရပြီး ကာကွယ်ရေး ရဲဘော် ၂ ဦးကျဆုံးပြီး ၂ ဦး ထိခိုက်ဒဏ်ရာများဖြင့် ဖမ်းဆီးခံရကာ စစ်တပ် စခန်း ၂ ခုလုံးကို မီးရှို့ ဖျက်ဆီးသွားပြီး ကျန်ရှိသော KDF တပ်ဖွဲ့ဝင်များ အားလုံး ဘေးလွတ်မြောက်ရာသို့ ရောက်ရှိပြီ ဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article