ရန်ကုန်၊ ဇွန် ၂၄
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်တွင် PDF များလိုက်ပါသော ဖောကားကို ဇွန်လ ၂၂ ရက် နေ့ နံနက်ပိုင်း စစ်တပ်က ပစ်ခတ်တိုက်ခိုက်ပြီး PDF များကို သတ်ဖြတ် ခဲ့ရာ တွင် ဦးဆောင်ပါဝင်သူ ဝါစိုက်ပျိုးရေး တပ်မှ ဗိုလ်မှူး မင်းပိုင်စိုး ၏ မိသား စု ဆွေမျိုးများ စိုးရိမ်ထိတ်လန့်လာသဖြင့် နေရာ ပြောင်းရွှေ့မှုများရှိကြောင်း သိရှိရသည်။
PDF များကို သတ်ဖြတ်ရာတွင် ဦးဆောင်သူ ပွင့်ဖြူမြို့နယ်၊ဝါစိုက်ပျိုးရေးတပ်မှ ဗိုလ်မှူးမင်းပိုင်စိုး၏ ကိုယ်ရေးရာဇဝင်များ၊ မိသားစု နှင့်ဆွေမျိုးများအကြောင်း သတင်းဌာနများက ဆက်တိုက်ဖော်ပြပြီးနောက် ရှမ်းပြည်နယ်၊ တောင်ပိုင်း ရပ် စောက် မြို့နယ်တွင် နေထိုင်သော ဗိုလ်မှူး မင်းပိုင်စိုး၏ မိဘ၊ ဆွေမျိုးများမှာ အသက်အန္တရာယ် စိုးရိမ်လာ၍ နေရာ ရွှေ့ ပြောင်း မှုများရှိနေခြင်းဖြစ်သည်ဟု သိရှိရသည်။
“သူ့မိဘက ရပ်စောက် မြို့အထွက် သမတိုက်တန်းက အိုကေဆန်း ကွမ်းယာ ဆိုင်ရဲ့ အဆက်အစပ် အမျိုးအနွယ်တွေပါ။ ရပ်စောက်မြို့အထွက်မှာ သူ့အစ်မ က ကုန်စုံဆိုင် ဖွင့်ထားတယ်။သူ့ညီမကလည်း ဆိုင်ဖွင့်တယ်။ ဆိုင်နာမည် တော့ သေချာမသိဘူး။ ရပ်စောက်အမျိုးအနွယ်တွေ။ သူ့အကိုက လေတပ် ဒုတိယ ဗိုလ်မှူးကြီးလို့ သိရတယ်။ နာမည်တော့ သေချာမသိဘူး။ အခု ဗိုလ်မှူး မင်းပိုင်စိုးအကြောင်း လိုင်းပေါ် အကုန်တက်လာတော့ ဆွေမျိုးတွေ မိဘတွေ လည်း နေရာ ပြောင်းကြတယ်လို့ ကြားပါတယ်။ တစ်ဆွေလုံး တစ်မျိုးလုံး နေရာ ရွှေ့ တယ်ပြောတယ်” ဟု ဒေသခံတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်း ဌာန ထံသို့ ပြောဆိုသည်။
ပွင့်ဖြူတွင် တာဝန်ကျနေသော ဗိုလ်မှူးမင်းပိုင်စိုးကိုယ်တိုင်လည်း တပ်ပြင် မထွက် တော့ဘဲ တပ်တွင်းမှာသာ နေထိုင်လျက်ရှိကြောင်း သိရှိရသည်။

