မွန်ပြည်နယ် ၊ မုဒုံမြို့နယ်တွင် အကြမ်းဖက်စစ်တပ်အတွက် အလုပ်လုပ်ပေးနေသူ မောင်မျိုး ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း မုဒုံပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်သည်။
ယမန်နေ့ စက်တင်ဘာလ ၁ ရက် ည ၇ နာရီ ၁၀ မိနစ်က မုဒုံမြို့နယ်၊ လမ္မကြီး -မော်လမြိုင် -သံဖြူ ဇရပ်လမ်းပိုင်းတနေရာတွင် အကြမ်းဖက်စစ်ကောင်စီတပ်အတွက် အလုပ်လုပ်ပေးနေသူ ပျူစောထီး မောင်မျိုးကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ဝင်များက ပစ်ခတ်ရှင်းလင်းခဲ့ရာ နေရာမှာပင် သေ ဆုံးသွားကြောင်း သိရသည်။
သေဆုံးသွားသော ပျူစောထီး မောင်မျိုးသည် အကြမ်းဖက်စစ်ကောင်စီတပ်လက်အောက် ခံ စရဖ တပ်ထံ မမှန်သတင်းပေးခြင်း၊ စရဖ တပ်ဖွဲ့မှ စေခိုင်းမှုများကို လုပ်ကိုင်ပေးခြင်း၊ အကြမ်းဖက်စစ် ကောင်စီတပ်ဖွဲ့ဝင်များက ပြည်သူလူထုကို ဖမ်းဆီးနှိပ်စက်ရာတွင် ပူး ပေါင်းပါဝင်ပေးခြင်းတို့ လုပ် ဆောင်လျက်ရှိသောကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ရခြင်းဖြစ် ကြောင်း သိရှိရသည်။
အဆိုပါ လုပ်ဆောင်မှုကို မော်လမြိုင်ခရိုင်စစ်ဆင်ရေးအဖွဲ့ နှင့် ပူပေါင်း ၁၀/ စစ်ဆင်ရေးအဖွဲ့ တို့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာ နိုင်ခဲ့ ကြောင်း သိရသည်။
ဓာတ်ပုံ- စစ်တပ်အတွက် အလုပ်လုပ်ပေးနေသော ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့တစ်ဦး ပစ်ခတ်ခံရစဉ်။ (ပုံအဟောင်းအသုံးပြုထားပါသည်။)
