By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၄ ရက် ညနေပိုင်းရရှိထားတဲ့သတင်းတွေကတော့
- အကြမ်းဖက်စစ်တပ်ကို တော်လှန်နေတဲ့ ပြည်သူ့ကာကွယ်ရေးတပ်တွေအနေနဲ့ ဝေါ်ကီတော်ကီ စက်တွေကို အသုံးပြုမယ်ဆိုပါက သတိထားသုံးဖို အမျိုးသားညီညွတ်ရေးအစိုး ဆက်သွယ်ရေး၊ သတင်းအချက်အလက်နှင့် နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထင်လင်းအောင် ကပြောပါတယ်။
- မကွေးတိုင်း၊ ပွင့်ဖြူမြိုနယ်မှာ PDF တွေလိုက်ပါလာတဲ့ ဖောကားကို ဇွန်လ ၂၂ ရက်နေ့ မနက်ပိုင်းက အကြမ်းဖက် စစ်ကောင်စီတပ်က ပစ်ခတ်တိုက်ခိုက်ပြီး PDF တွေကို သတ်ဖြတ်ခဲ့ရာမှာ ဦးဆောင်ပါ ဝင်သူ ဝါစိုက်ပျိုးရေး တပ်မှ ဗိုလ်မှူး မင်းပိုင်စိုးရဲ့ မိသား စု ဆွေမျိုးတွေ စိုးရိမ်ထိတ်လန့်လာတဲ့အတွက် နေရာ ပြောင်းရွှေ့မှုတွေ ရှိနေတယ်လို သိရပါတယ်။
- စစ်ကိုင်းတိုင်း ၊ တမူးမြိုနယ် ၊ ရန်လင်းဖိုင်ရွာကို အကြမ်းဖက် စစ်ကောင်စီတပ်က ဇွန်လ ၂၃ ရက်နေ့မှာ ဝင်ရောက် စီးနင်းခဲ့ပြီး ပြည်သူပိုင် နေအိမ်တွေကို မီးရှိ ဖျက်ဆီးခဲ့တဲ့အပြင် ၊ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးသတ်ဖြတ်လိုက်တယ်လို သိရပါတယ်။
-စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး၊ တုံကျေးရွာမှာ အကြမ်းဖက် စစ်ကောင်စီတပ်က ပြည်သူ အယောက် ၃၀ ကျော်ကို ဖမ်းဆီးညှဉ်းပန်း ပစ်ခတ် သတ်ဖြတ်မှုတွေကြောင့် ပြည်သူတွေ သေဆုံးမှု ရှိနေတဲ့သတင်း အပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။