28 C
Yangon

ရခိုင်၊ ပုဏ္ဏားကျွန်းတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားသည့် ပြည်သူ ၈ ဦးထဲမှ ၁ ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးဟု သတင်းထွက်၊ ဖမ်းဆီးခံရသူ အားလုံးလည်း အဆက်အသွယ် ပြတ်တောက်နေ

Must read

ရန်ကုန်၊ ဇွန် ၂၅

ရခိုင်၊ ပုဏ္ဏားကျွန်းတွင် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားသည့် ပြည်သူ ၈ ဦးထဲမှ ၁ ဦး စစ်ကြောရေးတွင် နှိပ်စက်ခံရပြီး သေဆုံးဟု သတင်းထွက်၊ ဖမ်းဆီးခံရသူ အားလုံးလည်း အဆက်အသွယ် ပြတ်တောက်နေ

ရန်ကုန်၊ ဇွန် ၂၅

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့တွင် အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်း ဆီး သွားသည့် ပြည်သူ ၈ ဦးထဲမှ ၁ ဦးသည် စစ်ကြောရေး၌ သေဆုံး သွား ကြောင်း သတင်းများ ထွက်ပေါ်နေသည်ဟု ဒေသခံ ပြည်သူများက ရန်ကုန် ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ပုဏ္ဏားကျွန်း မြို့ပေါ်တွင် စစ်တပ်မှ တပ်ဖွဲ့ဝင် ၁ ဦးကို ဇွန်လ ၁၆ ရက်နေ့တွင် AA က ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် အကြမ်းဖက် စစ်တပ်က ဒေသခံ ပြည်သူများကို အကြောင်းမဲ့ လိုက်လံ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း သိရသည်။

” ဒီနေ့ညနေပိုင်း ပုဏ္ဏားကျွန်းမှာ စစ်တပ်က ဖမ်းဆီးသွားတဲ့ ပြည်သူ ၈ ဦးထဲက ၁ ဦး စစ်ကြောရေး ညှင်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားပြီလို့ သတင်းတွေ ထွက်နေတယ်” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

အဆိုပါ ဖမ်းဆီးခံရသူများထဲတွင် စံပြရပ်ကွက် မြနန္နာ ၁ လမ်းတွင် နေထိုင် သော အသက် ၂၇ နှစ်အရွယ် ကိုမျိုးသွင်လည်း ပါဝင်ပြီး အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၇ ရက်နေ့ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ၎င်းနေအိမ်၌ပင် လာရောက် ဖမ်းဆီးသွား​ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားပြီးနောက် လက်ရှိ ၈ ရက်ကြာသည်အထိ မိသားစု ဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကာ ဖမ်းဆီး ခေါ်ဆောင်သည့် အကြောင်းအရင်းကို စစ်တပ်က ပြောဆိုခြင်းမရှိဘဲ မေးမြန်းစရာရှိသည်ဟု ပြောဆိုကာ ဖမ်းဆီး ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

” ကိုမျိုးသွင်က ဇွန်လ ၁၇ ရက်နေ့မှာ ဖမ်းဆီးခံရတာ ၁၆ ရက်နေ့ ညမှာ စစ်သားတွေ နေအိမ်မှာ လာရောက် မေးမြန်း စစ်ဆေးသွားပြီး နောက်တစ်နေ့ ၁၇ ရက်နေ့ နံနက် ၉ နာရီ ခွဲဝန်းကျင်မှာ အရပ်ဝတ်နဲ့ စစ်သားတစ်ယောက် ဗိုက်ကြီးနဲ့ ဗိုလ်မှူးက ခဏ မေးမြန်းစရာရှိတယ်လို့ ပြောပြီး လာရောက် ခေါ်ဆောင်သွားတာ အခုအချိန်ထိ ၈ ရက်တာ အတွင်း မိသားစုနဲ့လည်း အဆက်အသွယ် ပြတ်တောက်နေတယ်။ ကိုမျိုးသွင်က ကားဂိတ်မှာ ဂိတ်မှူး လုပ်နေတဲ့သူပါ။ နိုင်ငံရေး အရှုပ်အရှင်း ကင်းပြီး အေးဆေးနေသူပါ” ဟု ဒေသခံ ပြည်သူ တစ်ဦးကပြောဆိုသည်။

ဇွန်လ ၂၂ ရက်နေ့ကလည်း အကြမ်းဖက် စစ်တပ် ဖမ်းဆီးသွားသည့် ကိုမျိုး သွင် အပါအဝင် ပြည်သူ ၂ ဦးကို စစ်တပ်က စစ်ကြောရေးတွင် စစ်ဆေးနေစဥ် မတရားညှင်းပန်း နှိပ်စက်မူကြောင့် စစ်တွေ ကုတင် ၁၀၀ စစ်ဆေးရုံ၌ ကုသမူ ခံယူနေရကြောင်း သတင်းများ ထွက်ပေါ်ခဲ့သည့် အတွက် မိသားစုဝင်များက ဇွန်လ ၂၃ ရက်နေ့တွင် စစ်ဆေးရုံနှင့် စစ်တွေ စစ်ကြောရေးကို သွားရောက် စုံစမ်းသော်လည်း မျိုးသွင်အမည်ဖြင့် ကုသခံယူသူ စစ်ဆေးခံရသူ မရှိကြောင်း ပြန်လည်း ပြောဆိုခဲ့သည်ဟု သိရသည်။

အကြမ်းဖက် စစ်တပ်က အကြောင်းမဲ့ ဖမ်းဆီးသွားသည့် ကိုမျိုးသွင်၏ မိခင် ဖြစ်သူမှာ နာတာရှည် အတွင်းလေဘက်နာရောဂါ၊ နှလုံးအားနည်းသော ရောဂါ အခံရှိသူ ဖြစ်ပြီး သားဖြစ်သူ ပျောက်ဆုံးနေသောကြောင့် ရောဂါ ဖိစီးမှုဒဏ်များ ခံစားနေရကြောင်း သိရသည်။

ဓာတ်ပုံ- စစ်တပ်က ဖမ်းဆီးပြီးနောက် သတင်းပျောက်ဆုံးနေသူ ကိုမျိုးသွင်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article