27 C
Yangon

တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ် ၁ ခုတည်းသာ ဖွင့်လှစ်နိုင်ဟု တရုတ်နိုင်ငံရောက် မင်းအောင်လှိုင်က ညဉ်းတွား

Must read

🟥တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးနှင့်ကုန်သွယ်ရေး ပြန်စနိုင်ရေး မင်းအောင်လှိုင်က တရုတ်ကို အကူအညီတောင်း

ရန်ကုန်၊ စက်တင်ဘာ ၇

တိုင်းရင်းသားလက်နက်ကိုင်များ၏ တိုက်ခိုက်မှုများကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်-ရွှေလီ နယ်စပ်ဂိတ်တစ်ခုတည်းသာ ဖွင့်လှစ်နိုင်ကြောင်း တရုတ်နိုင်ငံရောက် အကြမ်းဖက် မင်းအောင်လှိုင်က ညဉ်းတွားသည်။

မင်းအောင်လှိုင်က ယမန်နေ့ တရုတ်နိုင်ငံ၊ စီချွမ်ပြည်နယ်တွင် တရုတ်စီးပွားရေးသမားများနှင့်တွေ့ဆုံစဉ် ၎င်းက အထက်ပါအတိုင်းပြောဆိုညဉ်းတွားခဲ့ခြင်းဖြစ်သည်။

တရုတ်နှင့်မြန်မာနိုင်ငံသည် နယ်နမိတ်ချင်းထိစပ်နေသည့်အတွက် ကုန်သွယ်မှုပြုလုပ်ရာတွင် နယ်စပ်ဂိတ်များက အရေးပါသေား ကဏ္ဍမှ ပါဝင်နေကြောင်း၊ နှစ်နိုင်ငံအကြား နယ်စပ်ဒေသများ စီမံခန့်ခွဲရေးနှင့် ပူးပေါင်းဆောင် ရွက်ရေး သဘောတူစာချု့်အရ မြန်မာ-တရုတ်နယ်စပ်တစ်လျှောက်တွင် စုစုပေါင်း နယ်စပ်ဂိတ် ၈ ခုရှိကြောင်း၊ လက်ရှိအချိန်တွင် နယ်မြေလုံခြုံရေးအခြေအနေအရ အဆိုပါ နယ်စပ်ဂိတ် ၈ ခုအနက်မှ မူဆယ်- ရွှေလီ နယ်စပ်ဂိတ် ၁ ခုသာ ဖွင့်လှစ်ထားရှိနိုင်ပြီး ကျန်နယ်စပ်ကုန်သွယ်ရေးဂိတ်များမှာ တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များ၏ တိုက်ခိုက်မှုများကြောင့် ရပ်တန့်ထားရကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။

လက်ရှိတွင် နှစ်နိုင်ငံကုန်သွယ်မှု ထိခိုက်စေခဲ့ပြီး နယ်စပ်ဒေသကုန်သွယ်ရေးမှာ နှစ်နိုင်ငံပြည်သူများ၏ လူမှုစီးပွား ဘ၀ တိုးတက်ရေးကို တိုက်ရိုက်အထောက်အကူပြုသောကြောင့် နယ်စပ်ဒေသတည်ငြိမ်အေးချမ်းပြီး ကုန်သွယ် ရေး လုပ်ငန်းများ ပြန်လည်စတင်နိုင်အောင် တတ်နိုင်သရွေ့ ၀ိုင်းဝန်း ပူးပေါင်းဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်း မင်းအောင်လှိုင်က ဆိုသည်။

တရုတ်-မြန်မာနယ်စပ် ဒေသ မတည်ငြိမ်မှုများကြောင့် ယူနန်ပြည်နယ်၊ စီချွမ်ပြည်နယ်၊ ချုံချင့်မြူနီစပယ်ဒေသများ၏ စီးပွားရေး ကိုလည်း ထိခိုက်လျက်ရှိကြောင်း၊ နှစ်နိုင်ငံနယ်စပ်ဂိတ်များ ပြန်လည် ဖွင့်လှစ်နိုင်မည်ဆိုပါက ကုန်စည်စီးဆင်းမှုများ ယခင်ထက်ပိုမိုတိုးတက်အောင် ဆောင်ရွက်နိုင်မည်ဖြစ်သည့်အပြင် ကုန်သွယ်ရေးလမ်းကြောင်းကို တိုးချဲ့ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း ၊ နှစ်နိုင်ငံနယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးနှင့် လုံခြုံရေးကို ဦးစွား အလေးထား ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မင်းအောင်လှိုင်က တရုတ်ကို အကူအညီတောင်းခံခဲ့သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article