ဒီကနေ့ စက်တင်ဘာ ၉ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မင်းအောင်လှိုင် ခေါင်းဆောင် တဲ့ အကြမ်းဖက်စစ်တပ်က မနေ့ကညပိုင်းမှာ PDF တွေကိုဦးတည်တဲ့ အလင်းဝင်ဖို့ကြေညာ ချက်တစ်ရပ်ကို ထုတ်ပြန်ခဲ့ပြီး အဲဒီကြေညာ ချက်မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAO တွေက PDF တွေကို လက်ကိုင်တုတ်အဖြစ် အသုံးပြုပြီး PDF တွေရဲ့ဘ၀ကို စတေးကာ နယ်မြေကျူးကျော်ချဲ့ ထွင်နေတယ်လို့ ကြေညာထားပါတယ်။
-အကြမ်းဖက် စစ်တပ်က နိုင်ငံရေး အတိုက်အခံလို့ ယူဆသူတွေကို အုပ်စုလိုက် မုဒိမ်းကျင့်တာ အပါအဝင် စနစ် တကျ ညှဉ်းပန်းနှိပ်စက်တဲ့ အထောက်အထားတွေကို ရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား အကြီးအကဲ Mr. Nicholas Koumjian က ကုလလူ့အခွင့်အရေးကောင်စီမှာ အစီရင်ခံစာတင်သွင်း လိုက်ပါ တယ်။
-တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ သင်းကျွန်းရွာကို စစ်တပ် စစ်ကြောင်း ဝင်ရောက်လာချိန်မှာ ပြည်သူတွေက နေအိမ်တွေကို မီးမရှို့ဖို့အတွက် ရှိခိုး တောင်းပန်ခဲ့ ပေမယ့် လည်း နေအိမ် ၈ လုံးကို မီးရှို့ဖျက်ဆီးသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
