27 C
Yangon

ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကြောင်းထိုးလာသည့် စစ်တပ်ကို တိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၇ လက် သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်၊ ချောင်းမရွာကို စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်တပ်ကို တိုက်ခိုက်ရာ စစ်သား ၃ ဦး သေဆုံးပြီး ၄ ဦး အရှင်မိကာ လက်နက် ၇ လက် သိမ်းဆည်းရရှိခဲ့ကြောင်း NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ စစ်သုံ့ပန်း ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ အလောင်း ၃ လောင်းနှင့် အတူ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၁ လက်၊ MG-3 သေနတ် ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ ဂျမ်ပါ ၁ လုံးနှင့် တခြားသော စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

ထိုသို့ တိုက်ပွဲဖြစ်ပွားပြီးနောက် စစ်ကြောင်းသည် ဘန့်ဘွေးပျူစောထီးရွာသို့ ပြန်လည်ဆုတ်ခွာသွားပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် နှင့် ပကဖ အဖွဲ့များက လိုက်လံ ပိတ်ဆို့တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article