25.5 C
Yangon

တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာကို စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းကလည်း နေအိမ်များကို မီးရှို့နေ

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၂

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ရုံးစည်ကြီးရွာကို အကြမ်းဖက် စစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲပြီး မြေပြင် စစ်ကြောင်းကလည်း နေအိမ်များကို မီးရှို့နေကြောင်း ဒေသတွင်း သတင်ရင်းမြစ်က ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၁ ရက်နေ့တွင် မိတ္ထီလာလေတပ်မှ တက်လာသော အကြမ်းဖက် စစ်တပ်၏ စက်တပ်လေထီး ၁ စီးကို ရုံးစည်ကြီးရွာ မြောက်ဘက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်သည် လေကြောင်းဖြင့် ဗုံး ၁၁ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကျေးရွာနေပြည်သူများ ကြိုတင်ရှောင်ရှားနေသောကြောင့် ထိခိုက်သူမရှိကြောင်း သိရှိရသည်။

ထို့ပြင် မြေပြင်တွင်လည်း မလှိုင်မြို့ဘက်မှလာသည် ဗိုလ်ချုပ် နိုင်နိုင်ဦး ဦးဆောင်လာသော အင်အား ၃၀၀ ခန့်ပါ စစ်ကြောင်းကလည်း ရုံးစည်ကြီးတွင် ရွာတွင် တပ်စွဲထားကြောင်း၊ စစ်ကြောင်းတွင် ဝါးကြီးအိုင်ရွာမှ ပျူစောထီးများလည်း ပါဝင်ကြောင်း သိရသည်။

ထို စစ်ကြောင်းသည် စက်တင်ဘာလ ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီကျော်ခန့်တွင် ရုံးစည်ကြီးရွာ မြောက်ချိုင်းရပ်အတွင်းရှိ နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ အလားတူ ယနေ့ စက်တင်ဘာလ ၁၂ ရက်နေ့တွင်လည်း ရုံးစည်ကြီးရွ နိဗ္ဗူတာရပ်ကွက်ရှိ နေအိမ်များကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းကြောင့် ရုံးစည်ကြီးရွာမှ ပြည်သူများ အပါအဝင် အနီးအနားရှိ ကျေးရွာများမှ ထောင်နှင့်ချီသော ပြည်သူများသည် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်နေရပြီး အကြမ်းဖက် စစ်တပ်ကလည်း စက်တပ်လေထီးများဖြင့် ညစဉ်ဗုံးကျဲ တိုက်ခိုက်နေကြောင်း သိရသည်။

“စစ်ခွေးစစ်ကြောင်းကလည်း ရုံးစည်ကြီးရွာရောက်နေတယ်။ နောက်ပြီး မြေပြင် စစ်ကြောင်းကလည်း ကျေးရွာထဲက နေအိမ်တွေကို ၂ ရက်ဆက်တိုက်ကို မီးရှို့နေတာ ပြည်သူတွေကတော့ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတယ်။ ဖမ်းဆီးခံရသူတွေ ရှိမရှိဆိုတာတော့ အတည်မပြုနိုင်သေးဘူး” ဟု ဒေသပြည်သူ တစ်ဦးက ပြောဆိုသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article