30.7 C
Yangon

သရက်ချောင်းတွင် ကျေးရွာများကို မီးရှို့ဖျက်ဆီးသော စစ်ကြောင်းကို တိုက်ခိုက်မှု အရာခံဗိုလ် အပါအဝင် စစ်သား ၅ ဦးသေဆုံးဟုဆို

Must read

ရန်ကုန်၊ စက်တင်ဘာလ ၁၃

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ ရန်တောင်ရွာနှင့် သင်းကျွန်းရွာရှိ ပြည်သူ့နေ အိမ် များအား မီး ရှို့ဖျက်ဆီးသော အကြမ်းဖက်စစ်ကောင်စီတပ်သားများကို တိုက်ခိုက်ခဲ့ရာ အရာခံ ဗိုလ်တစ်ဦးအပါ အဝင် စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း ဒေါင်းညီနောင်စစ်ကြောင်းက ပြောဆိုသည်။

စက်တင်ဘာလ ၇ ရက်နေ့ ညနေ ၄ နာရီ ၂၀ မိနစ်ခန့် သရက်ချောင်းမြို့နယ် ရန်တောင်ရွာနှင့် သင်း ကျွန်းရွာရှိ ပြည်သူနေအိမ်များကို မီးရှို့ဖျက်ဆီူခဲ့သော အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၀၅ တပ်ရင်းမှုး စိုင်းဝနဌေး နှင့် တပည့်ဖြစ်သူ ဗိုလ်တစ်ဦးအပါအဝင် တပ်သား ၂ ဦးတို့သည် ဟွန်ဒါဖစ် ကားဖြစ် သရက်ချောင်းဖက်သို့ ဆင်းလာစဥ်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အရာခံဗိုလ်တစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုနောက် စက်တင်ဘာလ ၇ ရက် ညနေ ၄ နာရီ ၂၅ မိနစ်ခန့်တွင် ပြည်သူ့နေအိမ်များကို မီးရှို့ပြီး သရက်နှစ်ခွရွာဖက်သို့ ခြေလျင်ဆင်းလာသည့် အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တော်လှန်ရေး တပ်ဖွဲ့ဝင်များက ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးပြီး ခြေပြတ်လက်ပြတ် ၁ ဦးအပါအဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို ဒေါင်းညီနောင်စစ်ကြောင်းတပ်ခွဲ ၁ နှင့် KNLA တပ်ရင်း ၁၂ တပ်ခွဲ ၁ တို့ ပူး ပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ညနေ ၅ နာရီ ၄၅ မိနစ်ခန့်တွင် ခွာစစ်ဆင်ခဲ့ကြောင်း ဒေါင်းညီ နောင် စစ်ကြောင်းထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article