28.2 C
Yangon

Khit Thit သတင်းဌာန၏ စက်တင်ဘာ ၁၄ ရက် ညနေပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ စက်တင်ဘာ ၁၄ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

စစ်တပ်မှာ လက်ရှိ တာဝန်ထမ်းဆောင်နေတဲ့ အောင်လင်းဒွေး၊ မြထွန်းဦး၊ တင်အောင်စန်းနှင့် ဒုတိယဗိုလ်ချုပ်ကြီး ၆ ဦး တို့ဟာ ကြံ့ဖွတ်ပါတီကနေ ရွေးကောက်ပွဲဝင်မှာ ဖြစ်ပြီး လွှတ်တော် ၃ ခုလုံးမှာ ဖြန့်ကျက်ပါဝင်ယှဉ်ပြိုင်မယ် ဆိုတာကို နေပြည်တော်စစ်ဘက်သတင်းရင်းမြစ် နှင့် CDM ဗိုလ်ကြီးဇင်ယော်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာ အနောက်ပိုင်းဥက္ကဋ္ဌ ထွန်းထွန်းလင်းနှင့် အရှေ့ပိုင်းဥက္ကဋ္ဌ အောင်ဘော်တို့ က စစ်မှုထမ်း ပေါ်တာဆွဲဖို့ လူမိုက်နှင့်ပျူစောထီး အဖွဲ့ ၁၀ ခုထက်မနည်းကို စေလွှတ်ထားတယ်လို့ လှိုင်သာယာမြို့အခြေစိုက် ကင်းထောက် သတင်းရင်းမြစ်နှင့် ရဲသတင်းရင်းမြစ်တချို့က ပြောပါတယ်။

-အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားငယ်ဖြစ်သူ Kim Aris (ခေါ်) ကိုထိန်လင်းနဲ့ တွေ့ဆုံပြီး စစ်အာဏာရှင် ကျရှုံးရေး ဆွေးနွေးမှုတွေကို ဒီနေ့မှာ ပြုလုပ်ခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article