25.6 C
Yangon

မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာအနီးကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ကိုရင် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် ပြည်သူ ၁ ဦး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၁၄

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ အင်ကြင်းမြိုင်ရွာအနီးကို အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ကိုရင် ၁ ပါး၊ သီလရှင် ၁ ပါးနှင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ကြောင်း Voice Of Mandalay မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

စက်တင်ဘာလ ၁၃ ရက်နေ့ ည ၇ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မတ္တရာမြို့နယ် အရှေ့မြောက်ခြမ်းရှိ အင်ကြင်းမြိုင်ရွာကို Y-12 လေယာဉ်ဖြင့် ဗုံး ၁၂ လုံးကျဲချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း အသက် ၁၁ နှစ်အရွယ် ကိုရင်းလေး ၁ ပါး၊ အသက် ၇၀ နှစ်အရွယ် သီလရှင် ၁ ပါးနှင့် အသက် ၄၀ အရွယ် အမျိုးသမီး ၁ ဦး သေဆုံးခဲ့ကြောင်း သိရှိရသည်။

မတ္တရာမြို့နယ်အတွင်း အကြမ်းဖက် စစ်တပ်က ကျေးရွာများကို လေကြောင်းဖြင့် နေ့စဉ် ဗုံးကျဲ တိုက်ခိုက်နေခြင်းကြောင့် ကျေးရွာနေ ပြည်သူများသည် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရကြောင်း သိရသည်။

“မတ္တရာ အရှေ့မြောက်ခြမ်း အင်ကြင်းမြိုင်ရွာ အနီးတစ်ဝိုက်ကို စစ်ခွေးတွေက Y-12 လေယာဥ်နဲ့ ဗုံး ၁၂ လုံးကျဲချ တိုက်ခိုက်သွားတာပါ။ တိုက်ပွဲ ဖြစ်ပွားခြင်းမရှိပါဘူး။ ပြည်သူတွေကို အဓိက ပစ်မှတ်ထားပြီး တိုက်ခိုက်ခြင်းတာပါ။ ကိုရင်လေး အသက် ၁၁ နှစ်၊ ဆရာလေး အသက် ၇၀ နှစ်နဲ့ ပြည်သူအမျိုးသမီးတစ်ဦး အသက်၄၀နှစ်တို့ သေဆုံးပါတယ်” ဟု Voice Of Mandalay မှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၀ ရက်နေ့နှင့် ၁၁ ရက်နေ့တို့တွင်လည်း အကြမ်းဖက် စစ်တပ်က မတ္တရာမြို့နယ်အတွင်းရှိ ရှားစေးချက်လေးရွာနှင့် ဆိပ်သာရွာတို့ကိုလည်း တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article