29 C
Yangon

ထီးလင်းမြို့ပေါ်တွင် စစ်တပ်နှင့် ရဲ မူးယစ် သောက်စားပြီး စကား များ ရန်ဖြစ် ရမ်းသမ်းပစ်ခတ်ရာမှ ကြံ့ဖွတ်ပါတီဝင် ၁ ဦး၊ Non CDM ထွေ/အုပ် ဝန်ထမ်း ၁ ဦး အပါအဝင် ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၆

မကွေးတိုင်း ထီးလင်းမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ ဇွန်လ ၂၆ ရက်နေ့ ညနေ ၅ နာရီခန့်တွင် သောက်စား မူးယစ်ပြီး စကားများ ရာမှ လက်နက်ကြီး လက်နက်ငယ်များဖြင့် အချင်းချင်း ရမ်းသမ်းပစ်ခတ်ရာမှ နေအိမ် တစ်လုံးကျရောက်ပေါက်ပြီး လူ ၃ ဦး သေဆုံးကာ ၁ ဦးပြင်း ထန် ဒဏ်ရာရရှိခဲ့ကြောင်း YDF Htilin Battalion-15 (Shwe Som Nyo) တပ်ဖွဲ့ထံမှ သိရသည်။

ထီးလင်းမြို့ပေါ်နေ မိဘပြည်သူများ သာမက အနယ်နယ်အရပ်ရပ်ရှိ မိဘ ပြည် သူများ အနေဖြင့်လည်း အလားတူဖြစ်ရပ်များ ဖြစ်ပွားနိုင် သော ကြောင့် အထူး ဂရုစိုက်သွားလာနေထိုင်ကြရန် သတိပေးလိုကြောင်း YDF Htilin Battalion-15 (Shwe Som Nyo) တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထီးလင်းမြို့တွင်ဇွန်လ ၂၆ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ သောက်စားမူးယစ်ရာရာမှ အချင်းများကြကြောင်း၊ ယင်းနောက် စစ်သားများက ထီးလင်းရဲစခန်းဝင်းသို့ စတင်ပစ်ခတ်ပြီး လက်နက်ကြီးများ ပစ်ခတ်ကြကြောင်း၊ ယင်းသို့ ပစ်ခတ်မှုကြောင်း ကြံ့ဖွတ်ပါတီဝင် ဦးအောင်းသန်းဝင်း၏ နေအိမ် ပေါ်သို့ လက်နက်ကြီးကျည် ကျရောက်ကာ ဦးအောင်သန်းဝင်း၊ ထွေအုပ် စာရေးဖြစ်သူဇနီး နှင့် သမီးဖြစ်သူ တိမွေးကုဆရာဝန်တို့ သေဆုံးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ- အကြမ်းဖက်စစ်တပ်နှင့် ရဲများ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article