အကြမ်းဖက်စစ်အာဏာရှင်ကို တိုက်ဖျက်ရာတွင် ပိုမို ထိရောက်စေရန်အတွက် ရာမညမွန်တပ်တော် နှင့် မွန်လွတ်မြောက်ရေးတပ်တော်တို့ ပူးပေါင်းလိုက်ခြင်းဖြစ်ကြောင်း NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
စက်တင်ဘာလ ၁၈ ရက်နေ့က တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းပိုင်ခွင့် အပြည့်အဝရှိသော မွန်ပြည် ပေါ်ထွန်းရေး ရည်ရွယ်ချက်ဖြင့် စစ်အာဏာရှင်စနစ်ကို ထိရောက်စွာ တိုက်ဖျက်နိုင်ရန်အတွက် မွန် လွတ်မြောက်ရေးတပ်တော် (MLF) နှင့် မွန်ပြည်သစ် ပါတီ(စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမည မွန်တပ်တော် (NMSP-AD)/ RMA တို့ ပေါင်းစည်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“အခုလို ပူးပေါင်းလိုက်ခြင်းဖြင့် စစ်အာဏာရှင်ကို အတူတိုက်ဖျက်နေတဲ့နေရာမှာ ပိုပြီးထိရောက်ပြီး တော့ ပိုပြီးအားဖြစ်သွားစေမယ်လို့ ယုံကြည်ပါတယ်၊ ပြောလို့ရပါတယ်။ နောက်ပြီး ကျနော်တို့ မွန် ပြည်သူတွေ အစဉ်အမြဲတိုက်တွန်းတောင်းဆိုနေတဲ့ အရာတစ်ခုက ဘာလဲဆိုတော့ မွန်တပ်တော် တစ်ခုပေါ်ထွန်းရေးအတွက်လည်း ရှေ့တစ်လှမ်းတိုး သွားစေတယ်လို့ မြင်ပါတယ်။ နောက်ပြီးတော့ ကျနော်တို့ ကိုယ်တိုင်သည်ပင်လျှင် တစ်ခုတည်းသော မွန်တပ်တော် ပေါ်ထွန်းရေးအတွက် နည်း လမ်းပေါင်းစုံနဲ့ ဆက်လက်ကြိုးပမ်းသွားမှာဖြစ်တယ်လို့ ပြောချင်ပါတယ်။” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ ပေါင်းစည်းကြသော မွန်လွတ်မြောက်ရေးတပ်တော် (MLF) ဦးဆောင်ကော်မတီဝင်များနှင့်တပ် ဖွဲ့ဝင် များတို့သည် NMSP-AD/RMA ၏ နိုင်ငံရေးနှင့် စစ်ရေးလုပ်ငန်းများတွင် တာဝန်ယူသွားမည် ဖြစ်ပြီး မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ရာမညမွန်တပ်တော် (NMSP-AD/RMA) အနေဖြင့် တစ်ခုတည်းသော မွန်တပ်တော်ပေါ်ထွန်းရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည် ဖြစ် ကြောင်း အသိပေးထားသည်။
“နောက်ပြီးတော့ MLF မွန်လွတ်မြောက်ရေးတပ်တော်က ကျနော်တို့ရဲ့မွန်ပြည်သစ်ပါတီ( စစ်အာဏာ ရှင်တိုက်ဖျက်- NMSP -AD/RMA ရဲ့ စစ်ရေး၊ နိုင်ငံရေးလုပ်ငန်းစဉ်တွေမှာ ဝင်ရောက်ပူးပေါင်းတာဝန် ထမ်းဆောင်သွားမယ်လို့ သဘောတူညီမှုအရ ကျနော်တို့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။ အသေး စိတ်ဘယ်အပိုင်းမှာ ဘယ်လို တာဝန်ယူ၊ တာဝန်ပေးသွားကြမယ်ဆိုတာက တစ်ပိုင်းဖြစ်မှာပေါ့၊ အ သေးစိတ်အခြေအနေကတော့ ကျနော့်အနေနဲ့ မသိရှိရသေးပါဘူး” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ပြောဆိုသည်။
မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး)/ ရာမညမွန်တပ်တော် (NMSP-AD/RMA) သည်မွန် ပြည်သူလူထုနှင့်အတူ ကိုယ်ပိုင်ပြဌာန်းခွင့် အပြည့်အဝရှိသော မွန်ပြည်ပေါ်ထွန်းရေးနှင့် စစ်အာဏာ ရှင်စနစ် အမြန်ဆုံး ချုပ်ငြိမ်းရေးအတွက် ဘဝတူတိုင်းရင်းသားတော်လှန်ရေး မဟာမိတ်အဖွဲ့အစည်း များ၊ ပြည်သူ့ကာကွယ် ရေးတပ်များနှင့်အတူ ပူးပေါင်းတိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
“ကျနော်တို့ NMSP-AD သည် ကျနော်တို့ မွန်အမျိုးသားလွတ်မြောက်ရေးတပ်မတော် MNLA -AD နဲ့ မွန်လွတ်မြောက်ရေးတပ်မတော် – MLA က ပြီးခဲ့တဲ့ မေလ ၂၄ ရက်မှာ ပူးပေါင်းထားပြီးမှ ရာမည မွန် တပ်တော် – RMA ဆိုပြီးတော့ တပ်တစ်ခုအဖြစ် ဖွဲ့စည်းထားတာရှိတယ်။ အခုလောလောဆယ် က တော့ RMA ပေါ်ထွန်းလာပြီးတဲ့နောက်ပိုင်း အခုနောက်ထပ် MLF ဆိုတဲ့ မွန်းလွတ်မြောက်ရေးတပ် တော်က နောက်ထပ်တပ်တစ်ခုအနေနဲ့ ဝင်ရောက်ပူးပေါင်းတာဝန်ယူခြင်းဖြစ်ပါတယ်” ဟု NMSP-AD/RMA ပြောရေး ဆိုခွင့်ရှိသူ နိုင်ကောင်းစကားက ရှင်းပြသည်။
