25.7 C
Yangon

နတ်တလင်းမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာတွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေသည့် ပျူစောထီး မြင့်ဇော် ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာတွင် ပြည်သူများထံမှ စစ်မှုထမ်းကြေး လစဉ် ကောက်ခံနေသည့် ပျူစောထီး မြင့်ဇော် ပစ်ခတ် တိုက်ခိုက်ခံရ၍ သေဆုံးသွားကြောင်း Bamar Revolution Army-B.R.A (ဗမာ့တော်လှန်ရေးတပ်တော်) မှ ခေါင်းဆောင် ရဲဘော်လကျ်ာက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ငပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ည ၆ နာရီခန့်အချိန် နတ်တလင်းမြို့နယ်၊ ချောင်းကမ်းကြီးကျေးရွာတွင်နေထိုင်သော ပျူစောထီး မြင့်ဇော် တော်လှန်ရေး တပ်ဖွဲ့များက ၎င်း နေအိမ်အတွင်း ဝင်ရောက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း သိရသည်။

သေဆုံးသွားသော ပျူစောထီး မြင့်ဇော် သည် ကျေးရွာနေ ပြည်သူများထံမှ လစဉ် စစ်မှုထမ်းကြေး ကောက်ခံခြင်း၊ အကြမ်းဖက် စစ်တပ် စစ်ကြောင်းထိုးရာတွင် လမ်းပြအဖြစ် လုပ်ဆောင်နေခြင်းများကြောင့် ပစ်ခတ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

“မြင့်ဇော်က ပျူစောထီးသင်တန်းဆင်းတစ်ယောက်ပါ။ စစ်တပ် အမာခံပေါ့။ ရွာထဲမှာ စစ်မှုထမ်းကြေးကောက်တာ စစ်ကြောင်းထိုးရင် လမ်းပြလိုက်တာတွေ လုပ်လေ့ရှိသူပါ။ သေနတ်နဲ့ ၅ချက်ပစ်ခတ်ခဲ့ရပါတယ်။ ပျူစောထီး မြင့်ဇော်က စစ်မှုထမ်းကြေးကောက်တာ စစ်ခွေး စစ်ကြောင်းထိုးရင် လမ်းပြလိုက်တာတွေ လုပ်လေ့ရှိတာကြောင့် ရှင်းလင်းခဲ့ပါ။ အုပ်ကြီးတွေ ရာအိမ်မှူးတွေ ဒေါက်တိုင်တွေအနေနဲ့ မိမိတို့လုပ်ရပ်တွေကို ရပ်တန်းကရပ်ပြီး အမြန်ဆုံးလမ်းမှန်ကို လျှောက်ရင် အနာဂတ်လှပါလိမ့်မယ် ကျနော်တို့ ဘက်က နွေးထွေးစွာကြိုဆိုမှာပါ အာ့လိုမှမဟုတ်ဘဲ ဆက်ပြီးမိုက်တွင်းနက်နေရင်တော့ ကျနော်တို့အနေနဲ့လဲ ပြတ်သားစွာလုပ်ဆောင်ရပါလိမ့်မယ်” ရဲဘော်လကျ်ာက ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို တပ်ရင်း ၃၈ဝ၁ ၊ Bamar Revolution Army-B.R.A (ဗမာ့တော်လှန်ရေးတပ်တော်) ၊ တပ်ခွဲ ၇ တပ်ရင်းရုံး ရဲဘော်များက ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article