25 C
Yangon

ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သားအဖ ၂ ဦး သေဆုံးပြီး ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ ဖားကန့်တွင် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် သားအဖ ၂ ဦး သေဆုံးပြီး ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း ဖားကန့်မှ KIAသတင်းရင်းမြစ်နှင့်ဒေသပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့​ ပြောဆိုသည်။

စက်တင်ဘာလ ၂၂ ရက်နေ့ ညနေ ၅ နာရီအချိန် ဖားကန့်မြို့အခြေစိုက် စစ်တပ်၏ တပ်မကုန်းစခန်းက လက် နက်ကြီးများဖြင့် ပစ်ခတ်မှုကြောင့် ဆိုင်းတောင်ဘက်အခြမ်း ဥရုချောင်းဘေးရှိ နေအိမ်တစ်လုံးပေါ်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့ကြာင်း၊ လက်နက်ကြီး ကျရောက်ပေါက်ကွဲသဖြင့် သားအဖ ၂ ဦး ပွဲချင်းပြီး သေဆုံးကာ ကလေး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

“ အကြမ်းဖက်စစ်တပ်က ဖားကန့်တပ်မကုန်းကနေ ၁၂၀ မမ လက်နက်ကြီးနဲ့ မနေ့ ညနေ ၅ နာရီလောက်မှာ ပစ်ခတ်တာ။ ဥရုချောင်း ဟိုဘက်ခြမ်း ဆိုင်းတောင်ဘက်မှာရှိတဲ့ အိမ်ပေါ်ကို လက်နက်ကြီး ကျတယ်။ သားအဖ ၂ ဦး ပွဲချင်းပြီး သေသွားတယ်။ ကလေး ၂ ယောက်ထိခိုက်ဒဏ်ရာရတယ်။ ဖားကန့်မှာ စစ်ကောင်စီတွေက နေ့တိုင်းနီးပါး ပြည်သူကို လက်နက်ကြီး ပစ်ပြီး သတ်ဖြတ်နေတယ်။ နေ့တိုင်းနီးပါး ပြည်သူတွေ သေတယ်။ မနေ့ညကလည်း တစ်ညလုံး ဖားကန့်တပ်မကုန်းကနေ လက်နက်ကြီးနဲ့ တောက်လျှောက်ပစ်န်တယ်” ဟု ဖားကန့်မှ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖားကန့်တွင် အကြမ်းဖက်စစ်တပ်၏ တပ်မ ၃၃ တပ်မမှူး ဗိုလ်မှူချုပ် ကောင်းမင်းထွဋ် နှင့် မိုးကောင်းမှ တက်လာသည့် အမှတ် ၃ တပ်မဟာ တပ်မှူး ဗိုလ်မှူချုပ် ဇော်ဝင်းတို့၏ စစ်ကြောင်းများက ပြည်သူများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးကာ ရည်ရွယ်ချက်ရှိရှိ ပြည်သူများကို ပစ်ခတ်ခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

“ဖားကန့်မှာ နေ့တိုင်း တိုက်ပွဲ ဖြစ်နေတာ ၄ လနီးပါးရှိပြီ။ ရှေ့ဆက်လည်း တိုက်ပွဲတွေ ပိုပြင်းထန်ဖို့ ရှိတယ်။ ဖားကန့်ပြည်သူတွေ အယောက် ၁၀၀၀၀ ကျော် ကျေးရွာ ၁၄ ရွာလောက် စစ်ရှောင်နေရတယ်။ ဖားကန့်ပြည်သူတွေက အကူအညီတွေ အများကြီး လိုအပ်နေတယ်။ စားဝတ်နေရေး ဆေးဝါးအကူအညီတွေ လိုအပ်နေတယ်။ ဖားကန့်က စစ်ရှောင်တွေကိုလည်း ဝိုင်းဝန်းထောက်ပံ့ကူညီပေးကြပါ” ဟု KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဖားကန့်မြို့နယ်သို့ စစ်တပ်က မေလနှောင်းပိုင်းမှစတင်၍ စစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ပြီး ၄ လအတွင်း ပြည်သူ ၈၅ ဦးကျော် သေဆုံးကာ ၂၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိထားပြီး ဖြစ်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article