ဒီကနေ့ စက်တင်ဘာ ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
-ကြံ့ဖွတ်ပါတီရဲ့ ရွေးကောက်ပွဲဝင်မည့် လွှတ်တော်ကိုယ်စားလှယ်လောင်း စာရင်းကို အကြမ်းဖက် မင်းအောင်လှိုင် ဆီ တင်ပြရပြီး ခွင့်ပြုချက်ရယူနေရတဲ့အတွက် ပါတီတွင်း မင်းအောင်လှိုင်ကို မလိုလားတဲ့ အုပ်စုကွဲကြီးဖြစ် ပေါ်နေတယ်လို့ ကြံ့ဖွတ်ပါတီ သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
ကရင်ပြည်နယ် မြ၀တီမြို့နယ်မှာရှိတဲ့ လေးကေ့ကော် ဒေသကို အကြမ်းဖက် စစ်တပ်က လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူနဲ့ မြေပြင်ကနေ စစ်အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးနေပြန်တဲ့အတွက် တော်လှန်ရေး တပ်တွေနဲ့ တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်တပ်က အထိနာနေပြန်တယ်လို့ ကရင်စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
-ပဲခူးတိုင်းက နတ်တလင်းမြို့နယ်မှာ ပေါ်တာဆွဲခံရသူ ကိုစိုင်းမြတ်ကို ဆိုသူဟာ ရဲ ၁ ဦးကို ဓါးနဲ့ထိုးသတ်ပြီးတော့ သေနတ်ပါလုယူလာပြီး တော်လှန်ရေးတပ်တွေဆီမှာ အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
