25 C
Yangon

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် လမ်းပြ မွန်တိုင်းရင်းသား ၁ ဦး ဖမ်းဆီးခံရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် တရားမဝင် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် လမ်းပြမွန်တိုင်းရင်းသား ၁ ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။

ယမန်နေ့ စက်တင်ဘာလ ၂၂ ရက်နေ့၊ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် ကန်ချဘူရီခရိုင်၊ Tha Khanun မြို့တွင် တိုယိုတာကား ၁ စီး ဖြင့် လိုက်ပါလာသော တရားမဝင် မြန်မာနိုင်ငံသား ၁၁ ဦးနှင့် လမ်းပြ မွန်တိုင်းရင်းသား ၁ ဦးတို့ကို ဖမ်းဆီးရရှိခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသား ၁၁ ဦးမှာ အမျိုးသမီး ၆ ဦးနှင့် အမျိုးသား ၅ ဦးဖြစ်ပြီး ထိုင်းနိုင်ငံအတွင်းသို့ မည်သည့် စာရွက်စာတမ်းနှင့်အထောက်အထားမရှိဘဲ ခိုးဝင်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ မြန်မာနိုင်ငံသားများသည် မြန်မာနိုင်ငံ ဘုရားသုံးဆူမှတစ်ဆင့် တောလမ်းများအတိုင်း ထိုင်းနိုင်ငံအတွင်းသို့ ဝင်ရောက် လာခြင်းဖြစ်ပြီး ထိုင်းနိုင်ငံတွင် အလုပ်လုပ်ရန် ပွဲစားခအဖြစ် ထိုင်းဘတ်ငွေ ၁၅၀၀၀ မှ ၂၀၀၀၀ အထိပေးခဲ့ရကြောင်း၊ ၎င်းတို့ကို ရဲစခန်းတွင် အမှုဖွင့် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article