25 C
Yangon

ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် BLDF ရဲဘော်များကို ပြည်သူများက ဂုဏ်ပြုကြိုဆို

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၃

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချောင်းမရွာ တိုက်ပွဲမှ အောင်ပွဲဖြင့် ပြန်လာသည့် ဗမာလွတ်မြောက်ရေးဒီမိုကရက်တစ်တပ်ဦး (BLDF) ရဲဘော်များကို ပြည်သူများက ဂုဏ်ပြုကြိုဆိုခဲ့ကြောင်း သိရသည်။

စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် ကနီမြို့နယ်၊ ချောင်းမရွာကို အကြမ်းဖက် စစ်တပ်၏ တပ်မ ၃၃ လက်အောက်ခံ ခမရ ၁၆ မှ ဗိုလ်မှူးသူရိန် ဦးဆောင်သော အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို NUG အစိုးရ ကာကွယ်ရေးဝန်ကြီးဌာန ကွပ်ကဲမှုအောက်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တပ်ရင်း၊ တပ်ဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့များ (ပကဖ) နှင့် မဟာမိတ်တပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ စစ်သုံ့ပန်း ၄ ဦး အရှင်ဖမ်းမိခဲ့ကြောင်း၊ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ထံမှ အလောင်း ၃ လောင်းနှင့် အတူ MA-1 သေနတ် ၄ လက်၊ MA-3 သေနတ် ၁ လက်၊ MG-3 သေနတ် ၁ လက်၊ MAS စနိုက်ပါ ၁ လက်၊ ဂျမ်ပါ ၁ လုံးနှင့် တခြားသော စစ်အသုံးအဆောင်များ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article