27 C
Yangon

ဝန်းသိုမြို့မှ ထွက်လာသော စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်မှု စစ်သား ၃၅ ဦးကျော်သေဆုံးပြီး ၆ ဦး အရှင်ဖမ်းမိ၊ လက်နက်ခဲယမ်းများပါ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၅

စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်၊ ဝန်းသိုမြို့မှ အင်အား ၆၀ ခန့်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်တပ် စစ်ကြောင်းကို တိုက်ခိုက်ချေမှုန်းခဲ့ရာ ၃၅ ဦးကျော်သေဆုံးပြီး စစ်သုံပန်း ၆ ဦးနှင့်အတူ လက်နက်ခဲ ယမ်းများလည်း သိမ်းဆည်းရရှိခဲ့ကြောင်း ကောလင်းခရိုင်အမှတ် ၄ တပ်ရင်းမှ ကိုရှိုင်းရှိုင်းက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

စက်တင်ဘာလ ၃ ရက်နေ့က ဝန်းသိုမြို့မှ အကြမ်းဖက်စစ်သား ၅၀ ဦးနှင့် လက်အောက်ခံ ရဲ ၁၀ ဦး စုစု ပေါင်း အင်အား ၆၀ ဦးပါဝင်သော စစ်ကြောင်း ထွက်လာကြောင်း၊ အဆိုပါ စစ်ကြောင်းကို ထောက်ကြံ့တောရွာ အနီး ကြက်ခေါင်းတောင်အရောက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ချေမှုန်းခဲ့ ရာ စစ်သားအလောင်း ၃၀ ကျော်၊ စစ်သုံ့ပန်း ၇ ဦးနှင့်အတူ လက်နက်ခဲယမ်းအများအပြား သိမ်း ဆည်းရရှိခဲ့ကြောင်း သိရသည်။

ယင်းတိုက်ပွဲဖြစ်ပြီးနောက် ဆုတ်ခွာထွက်ပြေးသွားသော စစ်သား ၁၂ ဦးရှိပြီး အဆိုပါစစ်သားများတွင်ဒဏ်ရာရရှိသူများလည်း ပါဝင်ကြောင်း၊ ယင်းစစ်သား ၁၂ ဦးမှာ ဝန်းသိုမြို့သို့ ပြန် လည်ဝင်ရောက်သွားခဲ့သော်လည်း ဒဏ်ရာရရှိသော စစ်သား ၄ ဦးမှာ ဝန်းသိုမြို့သို့ ရောက်ရှိချိန် သေဆုံးသွားကြောင်း သိရသည်။

ထိုအပြင် တော်လှန်ရေးတပ်က ဖမ်းမိသော စစ်သုံ့ပန်း စစ်သား ၇ ဦးအနက် စစ်သား ၁ ဦးမှာ ဆေးဝါးကုသပေးနေစဉ် သေဆုံးသွားကြောင်း၊ ထို့ကြောင့် အရှင်ဖမ်းမိသူ ၆ ဦးသာ ကျန်ရှိကြောင်း၊ စစ်သုံ့ပန်းများကို စစ်ဆေးမေးမြန်းကာ တိုင်းစစ်ဌာနသို့ ပေးပို့လိုက်ကြောင်း သိရသည်။

“တိုက်ပွဲဖြစ်တာကတော့ စက်တင်ဘာလ ၄ ရက်နေ့နဲ့ စက်တင်ဘာလ ၅ ရက်နေ့ ၂ ရက်တည်းဖြစ်တာ၊ ဒါပေမယ့် သူတို့ကို လိုချင်တဲ့ နေရာရောက်အောင်မောင်းသွင်းရတယ်၊ ကျနော်တို့ဘက်က တပ်ခွဲမှူး စစ်ကြောင်းမှူးက အရမ်း ကောင်းတယ်၊ သူ့ရဲ့လုပ်ဆောင်မှုတွေ အဲဒီတိုက်ပွဲထဲမှာ အရမ်းကောင်းခဲ့တယ်။ လိုချင်တဲ့နေရာ ရောက်တယ်၊ ကျနော်တို့လိုချင်တဲ့အတိုင်း ဖြစ်ခဲ့တယ်။ ကျနော်တို့ဘက်က စည်းစည်းလုံးလုံးနဲ့ တိုက်နိုင်ခဲ့တယ်။ ၅ ရက်နေ့ ညနေ ၆ နာရီ ၄၀ မိနစ်မှာ တစ်ပေါက်ဖွင့်ပေးထားတဲ့အတွက် အပြီး သတ်လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။” ဟု ကောလင်းခရိုင်အမှတ် ၄ တပ်ရင်းမှ ကိုရှိုင်းရှိုင်းက ရန် ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို အမှတ် ၁ စစ်ဒေသ၊ ကောလင်းခရိုင် အမှတ် ၄ တပ်ရင်း တပ်ခွဲမှူး ရဲဘော် ဒဂုံ နှင့် ရဲဘော် ဘော်ကာ တို့က ဦးဆောင်ကာ ကောလင်းခရိုင်အမှတ် ၄ တပ်ရင်းနှင့် ကောလင်းခရိုင် အမှတ် ၁ တပ်ရင်းမှ တပ်ဖွဲ့ဝင်များ ပူးပေါင်း၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁၂ ဦး မစိုးရိမ်ရ အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article