29.4 C
Yangon

အရာတော်နှင့် ပုလောမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စက်တပ်လေထီး၊ လက်နက်ကြီးများဖြင့် တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဒဏ်ရာရပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် ထွက်ပြေးနေရ

Must read

ရန်ကုန်၊ စက်တင်ဘာ ၂၈

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို စက်တပ်လေထီးဖြင့် ဗုံးကျဲပြီး မြေပြင်မှလည်း စစ်ကြောင်းထိုးနေ၍ ရွာလုံးကျွတ် ထွက်ပြေး တိမ်းရှောင်နေရကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၁ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်က အရာတော်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို စက်တပ်လေထီးများဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူများ ထိခိုက်မှုရှိမရှိကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်၏ မြေပြင် စစ်ကြောင်းကလည်း ငွေတွင်းကျေးရွာမှ ထွက်ခွာလာပြီး မင်းရွာကြီး စံပြကျေးရွာဘက်ကို ရောက်ရှိနေကြောင်း၊ စစ်တပ်၏ စခတ ၁၀ တပ်ရင်းကလည်း အရာတော်မြို့နယ်ရှိ ကျေးရွာများကို ဟောင်ဝပ်ဇာ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်လျက်ရှိကြောင်း သိရှိရသည်။

အကြမ်းဖက် စစ်တပ်၏ နမခ မှ တက်လာသော စက်တပ်လေထီး ၂ စီးသည်လည်း လက်ရှိချိန်ထိ အရာတော်မြို့နယ် အရှေ့တောင်ခြမ်းရှိ ကျေးရွာများကို ဆက်တိုက် ပျံဝဲနေကြောင်း သိရသည်။

“အရာတော် အရှေ့တောင်ခြမ်းမှာရှိတဲ့ ရွာတွေကို စစ်ခွေးတွေက စက်တပ်လေထီး ၂ စီးနဲ့ ဗုံးကျဲ တိုက်ခိုက်သွားပါတယ်။ ပြည်သူတွေထိခိုက်မှုရှိမရှိကိုတော့ အတည်မပြုနိုင်သေးဘူး။ စစ်ခွေးစစ်ကြောင်းကလည်း မြေပြင်ကို ရောက်နေလို့ ပြည်သူတွေလည်း ဘေးလွတ်ရာကို ရွာလုံးကျွတ် တိမ်းရှောင်နေရတယ်။ လက်နက်ကြီးတွေနဲ့လည်း အခုထိ ရမ်းသမ်း ပစ်ခတ်နေတုန်းပါပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ပုလောမြို့နယ်၊ ကဝက်ရွာကိုလည်း အကြမ်းဖက် စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း KNU ဗဟိုက ထုတ်ပြန်ထားသည်။

စက်တင်ဘာလ ၂၄ ရက်နေ့ နံနက် ၉ နာရီ ၂၀ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ ခလရ-၂၈၅ တပ်ရင်းက လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ကဝက်ရွာတွင် နေထိုင်သော အသက် ၆၀ နှစ် အရွယ် အမျိုးသမီး ၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံး လည်းထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article