မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမပျူစောထီးရွာမှ ငါးမျှားရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။
ယနေ့ စက်တင်ဘာလ ၂၈ ရက်နေ့တွင် မြိုင်မြို့နယ်တောင်ပိုင်း တွင်းမပျူစောထီးရွာမှ စစ်သား ၅ ဦးသည် ရွာအနောက်ဘက်ရှိ ဆည်တွင် ငါးမျှားရန် ထွက်လာစဉ် တော်လှန်ရေး တပ်ဖွဲ့များနှင့် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုပစ်ခတ် တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၃ ဦး သေဆုံးကာ MA အမျိုးအစား သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“မြိုင်မြို့နယ် တောင်ပိုင်း တွင်းမပျူစောထီးရွာက စစ်ခွေးတွေက ရွာအနောက်ဘက်မှာရှိတဲ့ ဆည်မှာ ငါးမျှားဖို့ ထွက်လာတုန်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပစ်ခတ်မှုဖြစ်ပွားတာလို့ သိရတယ်။ စစ်ခွေး ၅ ကောင်ထွက်လာတာ ၃ ကောင်သေပြီး သေနတ် ၁ လက်ရတယ်လို့ သိရတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြေဆိုသည်။
အဆိုပါ တိုက်ခိုက်မှု ဖြစ်စဉ်နှင့် ပတ်သက်ပြီး မြိုင်မြို့နယ် အတွင်းရှိ မည်သည့် တော်လှန်ရေးအဖွဲ့က လုပ်ဆောင်ခဲ့သည်ကို ထုတ်ပြန်ထားခြင်း မရှိသေးပေ။
