မြန်မာနိုင်ငံတစ်ဝန်း ပြည်သူများကို လေကြောင်းတိုက်ခိုက်မှုများ အပါအဝင် ပုံစံမျိုးဖြင့် သတ်ဖြတ်နေသော အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းပြည်၏ ပကတိအခြေအနမှာ အမြင်မကျယ်မှုနှင့် ပညာရေးအားနည်းချက်ကြောင့် ဖြစ်သည်ဟု အပြစ်တင် ပြောဆိုပြန်သည်။
ယမန်နေ့ ရုရှားနိုင်ငံမှ မြန်မာနိုင်ငံသို့ အပြန် လေယာဉ်ပေါ်တွင် စစ်တပ်လက် အောက်ခံ ဝါဒဖြန့် သတင်းမီဒီယာများသို့ ၎င်းက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံရေးသဘောထားကွဲလွဲမှုများကို အမြင်ကျယ်ကျယ်ဖြင့် လုပ်ရန်လိုအပ်ကြောင်း၊ နိုင်ငံရေး၊ ဘာသာရေးနှင့် တိုင်းရင်းသားအရေးအရ တချို့ပြောဆိုနေမှုများမှာ အားနည်းချက်များ ရှိနေကြောင်း ၊ အမြင်ကျယ်ကျယ် ပြောဆိုလုပ်ကိုင်လျှင် ပိုကောင်းနိုင်ကြောင်း၊ လက်ရှိ တိုင်းပြည်အခြေ အနေကြုံနေရခြင်းမှာ ပညာရေးအားနည်းချက်ကြောင့် ဖြစ်ကြောင်း မင်းအောင်လှိုင်က ပြောဆိုသည်။
” နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ လည်း ပြည်ထောင်စုရဲ့အကျိုးကို ရည်မှန်းပြီးတော့ အမြင်ကျယ်ကျယ်နဲ့ လုပ်ဖို့လိုတယ်။ တချို့ပြောဆိုနေကြတာတွေက အားနည်းချက်က ရှိတယ်လို့ ကျွန်တော်မြင်တယ်။ အဓိကတော့ သူတို့နိုင်ငံရေးအရ ဘာသာရေးအရ တိုင်းရင်းသားရေးအရ တချို့ပြောဆိုနေတာလေးပေါ့။ ပြောဆိုတာလေးတွေက ဒီထက်ပိုပြီး အမြင်ကျယ်ကျယ်နဲ့ ပြောဆိုလုပ်ကိုင်မယ်ဆို ပိုကောင်းမယ်လို့ ကျွန်တော်တို့မြင်ပါတယ်။ ပကတိတိုင်းပြည်မှာ ဖြစ်ပျက်နေတဲ့ အခြေ အနေက ပညာရေးအားနည်းတဲ့ အခြေအနေမှာ ရှိတယ်လို့မြင်တယ်” ဟု မင်းအောင်လှိုင်က ပြောဆိုသည်။
အကြမ်းဖက် မင်းအောင်လှိုင်က စစ်တပ်က ပြုလုပ်မည့် ရွေးကောက်ပွဲသို့ ပူး ပေါင်း ဆောင်ရွက်ကြရန်နှင့် ပါတီစုံ ဒီမိုရေစီ အမှန်တကယ် လိုချင်ပါက ဆန့် ကျင်မှု ကဏ္ဍကောစ လုပ်မနေဘဲ ပူးပေါင်းဆောင်ရွက်ရလိမ့်မည်ဟု မကြာ ခဏ ဆိုသလို စစ်တပ်လက်အောက်ခံ ဝါဒဖြန့် မီဒီယာများမှတစ်ဆင့် ထုတ် ဖော်ပြောဆိုထားသည်။
