ဒီကနေ့ စက်တင်ဘာ ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
မြန်မာနိုင်ငံတစ်ဝန်း ပြည်သူတွေကို လေကြောင်းတိုက်ခိုက်မှုတွေ အပါအဝင် ပုံစံမျိုးစုံနဲ့ သတ်ဖြတ်နေ တဲ့ အကြမ်းဖက် မင်းအောင်လှိုင်က တိုင်းပြည်ရဲ့ ပကတိအခြေအနေမှာ အမြင်မကျယ်မှုနှင့် ပညာရေးအားနည်းချက်ကြောင့် ဖြစ်တယ်လို့ အပြစ်တင် ပြောဆိုပြန်ပါတယ်။
ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဆဒုံးမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်နဲ့ ဗုံးကျဲ တိုက်ခိုက်မှုကြောင့် ကျောင်းကပြန်လာတဲ့ ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရသူတွေထဲက ကလေးငယ် ၂ ဦးဟာ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသပြည်သူ တွေက ရန်ကုန်ခေတ်သစ်ကိုပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ ကရင်ပြည်နယ် နဲ့ လူထုရဲ့ ဘဝကို အေးချမ်းတည် ငြိမ်အောင် ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့ အတွက်ဆိုပြီး ရွေးကောက်ပွဲကို ကာကွယ်ပေးသွားမယ့် သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
