ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ခရိုင်လဝကမှူး ကျော်သန်းက ပြည်သူများကို စမတ်ကတ်လုပ်ရန်အတွက် လူတစ်ဦးလျှင် ထိုင်းဘတ်ငွေ ၁ သောင်းမှ ၁ သောင်းခွဲအထိ တောင်းယူနေကြောင်း မြ၀တီမြို့မှ ပြည်သူများက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇူလိုင်လမှစတင်ပြီး ခရိုင်လဝကမှူး ကျော်သန်းက မြဝတီမြို့နယ်အတွင်းနေထိုင်သူများမဟုတ်ဘဲ အခြားတိုင်းနှင့်ပြည် နယ်များမှ လာရောက်သူများကို ခရီးသွားလာရာတွင် စစ်ဆေးခံရသည့် စမတ်ကတ်များ ပြုလုပ်လိုပါက ငွေကြေးမြင့်မားစွာ တောင်းယူနေကြောင်း၊ ခရိုင် လဝက မှူး ကျော်သန်းက ရှမ်းပြည်နယ် မှတ်ပုံတင် ဖြစ်သည့် ၁၃ / မှတ်ပုံတင်ဆိုလျှင် တစ်ဦးလျှင် စမတ်ကတ် ပြုလုပ်ခ ထိုင်းဘတ်ငွေ ၁၀၀၀၀ မှ ၁၅၀၀၀ ဘတ်အထိလည်းကောင်း၊ အခြားတိုင်းနှင့်ပြည်နယ်မြို့နယ်များကိုမူ တစ်ဦးလျှင် စမတ်ကတ်ပြုလုပ်ခ မြန်မာကျပ်ငွေ အနည်းဆုံး ကျပ် ၃ သိန်းမှ ၁၀ သိန်းအထိလည်းကောင်း တောင်းယူကာ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
“မှတ်ပုံတင်အပေါ်မူတည်ပြီး ဈေးအမျိုးမျိုး အပြောင်းအလဲရှိတယ်။ ၁၃/ဆိုရင် ဘတ်ငွေ ၁၀၀၀၀ ကနေ ထိုင်းဘတ် ၁၅၀၀၀ အထိပေါက်ဈေးရှိတယ်။ ခရိုင်မှူးနဲ့ပေါင်းပြီး လုပ်စားတာ။ လုပ်စားနေတာကကြာပြီ၊ ခန့်မှန်းရသလောက်ဆိုရင် လွန်ခဲ့တဲ့ လေးလ ငါးလလောက်ကတည်းပါ။ ပြီးခဲ့တဲ့ အပတ်ကတော့ ပြည်နယ်မှူးပြောလို့ ခဏပိတ်လိုက်သေးတယ်။ ဒီအပတ်မှ ပြန်ဖွင့်တာတစ်ရက်ကို ၁၀ ယောက်က နေ အယောက် ၂၀ လောက်အထိတော့ လုပ်တဲ့သူရှိတယ်” ဟု မြ၀တီမြို့မှ သတင်းရင်းမြစ် က ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပြည်တွင်းတွင် ခရီးသွားလာရာတွင် လည်းကောင်း၊ ပြည်ပထွက် ခွာခွင့်လက်မှတ် – နိုင်ငံကူးလက်မှတ် Passport ပြုလုပ်ရာတွင်လည်း ကောင်း မှတ်ပုံတင်တစ်ခုတည်းဖြင့် ပြီးစီး ခြင်းမရှိတော့ဘဲ စမတ်ကတ်ပါ လုပ်ဆောင်နေရကြောင်း သိရသည်။
