24.9 C
Yangon

မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးထိမှန်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၁

မန္တလေးတိုင်းတွင် TNLA က သိမ်းပိုက်ထားသော မိုးကုတ်မြို့အနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ပြည်သူ ၁ ဦးထိမှန်ဒဏ်ရာရရှိကြောင်း TNLA က သတင်းထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာလ ၁ ရက်နေ့ နံနက် ၁၀ နာရီ ၄၉ မိနစ်အချိန် မိုးကုတ်မြိုအနောက်ပိုင်း၊ ရေထွက်ကြီးကျေးရွာသို့ စစ်တပ်က လေယာဉ်ဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံးကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှုကြောင့် အမျိုးသား ၁ ထိမှန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ် ၁ လုံးထိခိုက်ပျက်စီးသွားကြောင်း သိရှိရသည်။

“ရေထွက်ကြီး ကျေးရွာဘက်မှာ ရှိတဲ့ လက်ဖက်ခြံအနားကို ကျရောပေါက်ကွဲတယ်။ တိုက်ပွဲဖြစ်တာတော့မရှိပါဘူး။ လေယာဉ်တွေ ကင်းထောက်တာရှိပေမယ့် ဒီရက်ပိုင်းတွေ လေကြောင်းတိုက်ခိုက်မှု နည်းပါးနေလို့ ပြည်သူတွေ နည်းနည်းစိတ်သက်သာရာ ရနေရာကနေ အခု ဗုံးပြန်ကျဲလာတာ” ဟု မိုးကုတ်မြို့၊ ကျပ်ပြင်တွင် နေထိုင်သူ ပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

စစ်တပ်က စက်တင်ဘာလအတွင်း လေကြောင်းဖြင့် ကျောက်မဲမြိုနယ်တွင် ၆ ကြိမ်၊ သီပေါမြိုနယ်တွင် ၁ ကြိမ်၊ မိုးကုတ်မြိုနယ်တွင် ၂ ကြိမ်နှင့် မိုင်းလုံမြိုနယ်တွင် ၁ ကြိမ် ဗုံးများလာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အမျိုးသား ၂ ဦးသေဆုံးပြီး ပြည်သူ ၆ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း၊ နေအိမ် ၄၀ ၊ စာသင်ကျောင်း ၁ ကျောင်း၊ ဘုန်းကြီးကျောင်း ၁ ကျောင်း၊ ကျောင်းဆောင် ၁ ဆောင်၊ အဆောက်အဦး ၁ လုံးနှင့် ကား ၁ စီး ဗုံးထိမှန်ပျက်စီးသွားခဲ့ကြောင်း သိရှိရသည်။

မိုးကုတ်မြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုများ တောက်လျှောက်ဆိုသလို လုပ်ဆောင်သဖြင့် ပြည်သူ ထိခိုက်သေဆုံးမှုများ အလွန်များပြားလျက်ရှိသည်။

ဩဂုတ်လ ၁၈ ရက်နေ့ မွန်းလွဲ ၃ နာရီ ၁၀ မိနစ်ခန့်တွင် မိုးကုတ်မြို့ ကျပ်ပြင်ဈေး သီလရှင်ကျောင်းအနီးကို လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၁၇ ရက်နေ့ နံနက် ၈ နာရီ ၅၉ မိနစ်အချိန်နှင့် နံနက် ၉ နာရီ ၃ မိနစ်အချိန် စစ်ကောင်စီတပ်၏ တိုက်လေ ယာဉ် များ က မိုးကုတ်မြို့နယ် အရှေ့ပိုင်းသို့ ဗုံးများ ကျဲချခဲ့ကြောင်း၊ ဗုံးကျဲမှုကြောင့် ဆိုင်ကယ်စီး ခရီးသွား ပြည်သူ ၁ ဦး အပါအဝင် ပြည်သူ ၃ ဦး​သေဆုံးခဲ့ကြောင်း၊ သေဆုံးသူများတွင် ကလေးငယ် ၁ ဦး ပါဝင်ကြောင်း သိရှိရသည်။

ဩဂုတ်လ ၁၄ ရက်နေ့ ည ၈ နာရီ ၃၀ မိနစ်အချိန် မိုးကုတ်မြိုအရှေ့ပိုင်း၊ ရွှေကူရပ်ကွက်ရှိ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချသဖြင့် အမျိုးသမီး ၁၆ ဦးနှင့် အမျိုးသား ၅ ဦး စုစုပေါင်း ၂၁ ဦးသေဆုံးခဲ့ရသည်။

ဩဂုတ်လ ၉ ရက်နေ့ ညနေ ၆ နာရီ ၄၅ မိနစ်အချိန် မိုးကုတ်မြို့ အရှေ့ပိုင်း ကျောက်နဂါးကျေးရွာ သို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ တိုက်လေယာဉ် ၁ စီးဖြင့် ဗုံးကျဲချခဲ့ရာ ကျောက်နဂါး ကျေးရွာ ဘုန်းကြီးကျောင်းသို့ ထိမှန်ခဲ့ပြီး အပြစ်မဲ့ ပြည်သူ ၅ ဦး သေဆုံးခဲ့သည်။

ဩဂုတ်လ ၂ ရက်နေ့ နံနက် ၈ နာရီ ၂၅ မိနစ်အချိန် မိုးကုတ်မြို့သို့ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ဗုံးကျဲချခဲ့ရာ ပြည်သူ ၁၂ ဦးသေဆုံးခဲ့ပြီး ၁၄ ဦးထိမှန်ဒဏ်ရာရရှိခဲ့သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article