ဂျပန်နိုင်ငံဆိုင်ရာ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်များက မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံအားပေးသည့် ပါတီလွှတ်တော်အမတ်များသမဂ္ဂ၏ နှစ်ပတ်လည် ညီလာခံသို့ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ထို့ပြင် ဂျပန်နိုင်ငံအစိုးရနှင့် ဂျပန်လွှတ်တော်အမတ်များအနေဖြင့် စစ်ကော်မရှင်က ပြုလုပ်ရန် ထုတ်ပြန် ကြေညာထားသည့် တရားမဝင်ရွေးကောက်ပွဲ (Sham Election) ကို လုံးဝလက်မခံရန် ဂျပန်ရောက်မြန်မာနိုင်ငံသားများက တိုက်တွန်းတောင်းဆိုထားသည့် စာကို အထက်လွှတ်တော်ဥက္ကဌ မစ္စတာကွန်ဒိုဆိုအိခ် (Mr. Kondo Soichi) ထံ တရားဝင်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါ ညီလာခံသို့ တက်ရောက်ခဲ့ကြသည့် ဂျပန်နိုင်ငံဆိုင်ရာ၊ အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ ကိုယ်စားလှယ် ဦးစောဘလှသိန်းနှင့် ဂျပန်ရောက် မြန်မာနိုင်ငံသားများ၏ သက်ဆိုင်ရာအဖွဲ့အစည်း ကိုယ်စားလှယ်များသည် စစ်ကော်မရှင်၏ တရားမဝင်ရွေးကောက်ပွဲဆိုင်ရာ သံသယဖြစ်ဖွယ် အချက်အလက်များ၊ စစ်ကော်မရှင်မှ ၎င်းတို့အာဏာတည်မြဲရေးအတွက်ကိုသာ ဦးစားပေး၍ ဆောင်ရွက် နေပုံများ၊ ရွေးကောက်ပွဲနှင့် ပတ်သက်သည့် နိုင်ငံတကာ၏ သဘောထားနှင့် ကုလသမဂ္ဂ၏ ရပ်တည်ချက်၊ အာဏာသိမ်းခဲ့ချိန်မှစ၍ ယခုအချိန်အထိ အကြမ်းဖက်စစ်အုပ်စု၏ စစ်ရာဇဝတ်ကျုးလွန်မှုများ၊ အပြစ်မဲ့ ပြည်သူများအပေါ် လေကြောင်းမှ တိုက်ခိုက်နေမှုများ စသည်တို့ကို အကိုးအကားများနှင့်တကွ သက်ဆိုင်ရာ အကြောင်းအရာများကို တိကျပြတ်သားစွာ တင်ပြဆွေးနွေးခဲ့ကြကြောင်း အမျိုးသား ညီညွတ်ရေး အစိုးရ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar


