31 C
Yangon

ဖရူဆို မှ ဘောလခဲဘက်သို့ လာသည့် စစ်တပ် စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

ကရင်နီပြည်နယ်၊ ဖရူဆို မှ ဘောလခဲဘက်သို့လာသည့် အကြမ်းဖက် စစ်တပ်၏ ရန်နိုင်မင်း စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း 802 တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

စက်တင်ဘာလ ၂၈ ရက်နေ့တွင် ဖရူဆိုဘက်မှ ဘောလခဲဘက်ကိုလာသည့် အကြမ်းဖက် စစ်တပ်၏ အင်အား ၅၀၀ ခန့်ပါ ရန်နိုင်မင်းစစ်ကြောင်းကို KNDF ၊ နေပြည်တော်အလယ်ပိုင်းတိုင်း ကနောင်စစ်‌ကြောင်းနှင့် 802တပ်ရင်းတို့က ပူးပေါင်းပြီး ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရသည်။

ထိုတိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၅၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း၊ ထို့ပြင် တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ အထိနာခဲ့ပြီး စစ်ကြောင်း တစ်ခုလုံး တပ်ပျက်ကာ ပြန်လည် ဆုတ်ခွာသွားကြောင်း သိရသည်။

“အဲစစ်ကြောင်းက ဖရူဆိုကနေပြီးတော့ ဘောလခဲဘက်ကို သွားမယ့် စစ်ကြောင်းပေါ့။ ပြည်ထောင်စုလမ်းမကြီးအတိုင်း ဘောလခဲဘက်ကို အင်အား ၅၀၀ လောက်နဲ့ စစ်ကြောင်းထိုးလာတာပါ။ အဲဒါကို ကျွန်တော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေးတွေဘက်က ထိခိုက်သေဆုံးမှု ၅၀ လောက်ရှိတယ်။ ကျွန်တော်တို့ဘက်ကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တာရှိတဲ့အတွက်ကို သူတို့ ဘောလခဲဘက်ကို လုံး၀သွားလို့ မရတဲ့အတွက် ဖရူဆိုဘက်ကို ပြန်လည်ပြီး ဆုတ်ခွာသွားတယ်လို့ ကျွန်တော်တို့ သတင်းသိရပါတယ်” ဟု 802 တပ်ရင်းမှ တာဝန်ရှိသူက ပြောဆိုသည်။

အလားတူ စက်တင်ဘာလ ၁၅ ရက်နေ့ကလည်း ဘောလခဲဘက်မှ ဖားဆောင်းဘက်သို့ စစ်ကြောင်းထိုးရန် ထွက်လာသော အင် အား ၁၀၀ ခန့်ပါ စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေး တပ်ဖွဲ့များက ကြားဖြတ် တိုက်ခိုက်ခဲ့ရာ စစ်သား ၂၅ ဦးသေဆုံးခဲ့ပြီး ဘောလခဲဘက်သို့ ပြန်လည် ဆုတ်ခွာသွားကြောင်းသိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article