25.7 C
Yangon

စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရေး အပါအဝင် ဦးတည်ချက် ၃ ရပ်ဖြင့် ဆက်လက် တိုက်ပွဲဝင်မည်ဟု GSCB ကြေညာ

Must read

ရန်ကုန်၊ အောက်တိုဘာ ၂

အကြမ်းဖက် စစ်တပ်၏ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ရေး အပါအဝင် ဦးတည်ချက် ၃ ရပ်ဖြင့် ဆက်လက် တိုက်ပွဲဝင်မည်ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)က ယနေ့ အောက်တိုဘာလ ၂ ရက်နေ့တွင် ထုတ်ပြန်ကြေညာလိုက်သည်။

အဆိုပါ ဦးတည်ချက် ၃ ရပ်မှာ ဒေါ်အောင်ဆန်းစုကြည်နှင့်တကွ နိုင်ငံရေးအကျဉ်းသားများ အားလုံး လွတ်မြောက်ရေး ၊ အဓမ္မစစ်မှုထမ်းဥပဒေ ဖျက်သိမ်းရေးနှင့် တရားမဝင်အတုအယောင်ရွေးကောက်ပွဲ သပိတ်မှောက်ဆန့်ကျင်ရေး တို့ဖြစ်ကြောင်း သိရသည်။

“တရုတ်က စပွန်ဆာလုပ်တဲ့ ရွေးကောက်ပွဲ အတုကြီး” နှင့် ထွက်ပေါက်ရှာနေတဲ့ စစ်အုပ်စုကို လူထုအားနှင့် ဆန့်ကျင်တိုက်ဖျက်ကြရမည်ဖြစ်ပြီး လူမမယ် ကလေးကစ၍ အသက်ကြီးဆုံး အမေအိုကြီးထိ နိုင်ငံရေးအကျဉ်းသား သောင်းချီကို ထောင်ထဲထည့်ပြီး လုပ်ဆောင်မည့် တရားမဝင် ရွေးကောက်ပွဲနှင့် လူငယ်၊ လူရွယ် မှန်သမျှကို အဓမ္မဖမ်းဆီး အသေခံခိုင်းပြီး မင်းအောင်လှိုင် အာဏာတည်မြဲရေးအတွက် လုပ်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲကို အားနည်းချိနဲ့အောင် လူထုအားနဲ့ တိုက်ပွဲဝင်ကြရမည်ဖြစ်ကြောင်း GSCB ၏ ကြေညာချက်တွင် ဖော်ပြထားသည်။

ယခု ကာလအတွက် လူထုတိုက်ပွဲ၏ အဓိက ဦးတည်ချက် ၃ ရပ်ကို လူထုထံ​တင်ပြလိုက်ပြီး ထိုဦးတည်ချက် ၃ ရပ်ကို ပြည်သူလူထုကြီးတရပ်လုံးနှင့် တကွ တော်လှန်ရေးအင်အားစုများ စုပေါင်းညီညွတ်စွာနဲ့ တိုက်ပွဲဝင်ကြရန်လည်း GSCB က တိုက်တွန်းထားသည်။

“ကျနော်တို့ လူထု တိုက်ပွဲတွေ ဆက်လက် ဖော်ဆောင်တဲ့ အခါမှာ ဒီဦးတည်ချက် ၃ ရပ်ကို ကိုင်စွဲပြီး ဆက်လက် လုပ်ဆောင်မှာဖြစ်တဲ့ အတွက် ပြည်သူလူထုကို အသိပေး ကြေညာတဲ့ သဘောပါ” ဟု အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု (GSCB)မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article