27.9 C
Yangon

ဖားကန့်၊ လုံးခင်းရွာကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး ဦးခေါင်းတွင် ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရ

Must read

ရန်ကုန်၊ အောက်တိုဘာ ၃

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းရွာကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁ ဦး ဦးခေါင်းတွင် ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဖားကန့်မြို့နယ်၊ လုံးခင်းရွာ ကု‌ဋေမှော်၊ ခရေစီ လက်ဖက်ရည်ဆိုင်အနီးကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အကြမ်းဖက် စစ်တပ်၏ ဗုံးကျဲ တိုက်ခိုက်မှု အတွင်း ပြည်သူ ၁ ဦး ဦးခေါင်းတွင် ဗုံးစထိမှန်ကာ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး လက်ရှိချိန်တွင် ဆေးကုသရန် အရေးပေါ်ပို့ဆောင်ထားရကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်ပွားတာတော့ မရှိပါဘူး။ စစ်တပ်က ဒရုန်းတွေနဲ့ ဗုံးကျဲ တိုက်ခိုက်နေတာ ပြည်သူ ၁ ဦး ဦးခေါင်းကို ဗုံးစထိမှန်ပြီး ပြင်းထန်ဒဏ်ရာရတယ်လို့တော့ သိထားရပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ အောက်တိုဘာလ ၃ ရက်နေ့ နံနက် ၆ နာရီခန့်ကလည်း ဖားကန့်မြို့နယ်၊ ဆန်းကြွယ်ကျေးရွာအနီးရှိ ကျောက်စိမ်းလုပ်ကွက် ကုမ္ပဏီတစ်ခုမှ ဘက်ဟိုးစက်များကို အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း သိရသည်။

ဖားကန့်မြို့သို့ အကြမ်းဖက် စစ်တပ်စစ်ကြောင်းများ ရောက်ရှိလာချိန်မှစ၍ ပြည်သူ ၈၀ ကျော် သတ်ဖြတ်ခံထားရပြီး ၃၀၀ နီးပါးဒဏ်ရာရရှိကာ ဖားကန့်အနောက်ခြမ်းရှိ ကျေးရွာ ၁၅ ရွာမှ ပြည်သူသောင်းချီ၍ စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article