25.1 C
Yangon

အလကားနေရင်း စစ်တပ် ဆန့်ကျင်ရေးနှင့် အမုန်းတရားများကြောင့် နိုင်ငံက ချာလပတ်ရမ်းနေဟု ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီ ပြောဆို

Must read

ရန်ကုန်၊ အောက်တိုဘာ ၅

မြန်မာနိုင်ငံတွင် အလကားနေရင်း စစ်တပ် ဆန့်ကျင်ရေးနှင့် အမုန်းတရားများကြောင့် နိုင်ငံမှာ ချာလပတ်ရမ်းနေကြောင်း ကြံ့ဖွတ်ပါတီဥက္ကဋ္ဌ ခင်ရီက ပြောဆိုသည်။

အောက်တိုဘာလ ၂ ရက်နေ့ ရန်ကုန်မြို့ တွင် စစ်တပ်ထောက်ခံသော သရုပ်ဆောင်များ၊ လူရွှင်တော်များ အပါအဝင် ရုပ်ရှင်အသိုင်းအ၀ိုင်းနှင့်တွေ့ဆုံစဉ် ကြံဖွတ်ခင်ရီက အထက်ပါအတိုင်း ပြောဆိုခြင်းဖြစ်သည်။

ကြံ့ဖွတ်ခင်ရီက ၎င်းစစ်သားဖြစ်ခဲ့စဉ်က ရှေ့တန်းထွက်နေရပြီး ပြန်လာချိန်တွင် သားသမီးများက မမှတ်မိကြောင်း၊ တိုက်ပွဲတွင် ၇၂ နာရီကြာ တိုက်ခိုက်ခဲ့ရပြီး သေနတ် ၁၇ ချက်မှန်ခဲ့ကာ ကျည် ၂ တောင့်မှာ ဗိုက်ထဲတွင် ကျန်နေကြောင်း၊ ခွဲစိတ်မရ​ကြောင်း၊ သူ့ဘဝမှာ ရုပ်ရှင်ရိုက်၍ ရကြောင်း၊ သို့ရာတွင် အလကားနေရင်း တပ်မတော်ကို မုန်းတီးဆန့်ကျင်နေကြကြောင်း ပြောဆိုသည်။

“အလကားနေရင်း တပ်မတော်ဆန့်ကျင်ရေးနဲ့ အမုန်းတရားတွေနဲ့ နိုင်ငံရေးက ကျနော်တို့နိုင်ငံ ချာလပတ်ရမ်းနေတယ်။ ဒါကြီးက လွတ်မြောက်ပြီးတော့ ကျနော်တို့ ကမ္ဘာသစ်တစ်ခုကို ဘ၀သစ်တစ်ခု အနာဂတ်သစ်တစ်ခုကို ဖန်တီးဖို့က ရောက်ကိုရောက်နေပြီ။ အဲဒီအတွက် အလှည့်အပြောင်းက ရွေးကောက်ပွဲပဲ။ ရွေးကောက်ပွဲကို အားပေးပါ ။” ဟု ကြံ့ဖွတ်ခင်ရီက ပြောဆိုသည်။

ကြံ့ဖွတ်ခင်ရီက ရွေးကောက်ပွဲနီးကပ်လာသည်နှင့်အမျှ စစ်တပ်ထောက်ခံနေသော ရုပ်ရှင်အသိုင်းအ၀ိုင်းကို မကြာခဏ ဆိုသလို တွေ့ဆုံလျက်ရှိပြီး ထိုသို့ တွေ့ဆုံမှုမှာ မဲဆွယ်မှုနှင့် မဲဆွယ်စည်းရုံးခိုင်းခြင်းမဟုတ်ကြောင်း ခင်ရီက ပြောဆိုသည်။

“ကျနော်တို့ မဲဆွယ်စရာလည်းမလိုပါဘူး။ မဲဆွယ်ကာလလည်းမဟုတ်ဘူးပေါ့နော်” ဟု ခင်ရီက ပြောဆိုသည်။

ကြံ့ဖွတ်ခင်ရီနှင့် မကြာခဏ ဆိုသလို တွေ့ဆုံနေသော တွေ့ဆုံပွဲများတွင် ရွှေသံစဉ် ဝင်းမော် သရုပ်ဆောင်မေသန်းနု၊ အဆိုတော်ဂျင်းနီနှင့် လူရွှင်တော် အုန်းသီး၊ အဆိုတော် ဆိုတေး အပါဝင် စစ်တပ်ဘက်တော်သား ရုပ်ရှင်၀ိုင်းတော်သားများ ပါဝင်ကြသည်။

ယနေ့အောက်တိုဘာလ ၅ ရက်နေ့တွင်လည်း ကြံ့ဖွတ်ခင်ရီက ဝင်းကိုကိုလတ်၊ ဒေါ်ခင်၀ိုင်းကြည်၊ အပါအဝင် မဘသ ဘာသာရေးအစွန်းရောက်များနှင့် အမျိုးသားရေး အစွန်းရောက်များကိုပါ ရန်ကုန်မြို့၊ ကြံ့ဖွတ်ပါတီရုံးတွင် ထပ်မံ တွေ့ဆုံပြန်သည်။

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article